မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှ အရန်ဆန်ဝယ်ယူထားရှိမည်

မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်း တိုင်းဒေသကြီးမှ အရန်ဆန်ဝယ်ယူပြီး၊ မန္တလေးမြို့မှာ ထားရှိ မှာဖြစ်ကြောင်း စီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး  ဦးဝင်းမြင့်က ပြောပါတယ်။ အရန်ဆန်ကို လာမယ့် နွေစပါးထွက် ချိန်မှာ ဝယ်ယူမှာဖြစ်ကြောင်း၊ ဝယ်ယူ ရာမှာ တင်ဒါစနစ်နဲ့ ဝယ်ယူသွားမှာ ဖြစ်ကြောင်း၊ မန္တလေးမြို့ဟာ စီးပွားရေး အကွက်အကွင်းကျပြီး လမ်းပန်းဆက် သွယ်ရေး အချက်အချာကျတဲ့ မြို့ဖြစ် လို့ သွားလာရေးလွယ်ကူစေရန် အရန် ဆန်ထားရှိရခြင်းဖြစ်ကြောင်း၊ ဆန်လို အပ်တဲ့ဒေသဖြစ်သော်လည်း  အရန် ဆန်ထားရှိရမှာဖြစ်ကြောင်း    ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြော ပါတယ်။

အရန်ဆန် တန်ချိန်နှစ်သောင်း ဝယ် ယူမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ အနောက်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ မျှပြီး ဝယ်ယူမှာဖြစ်ပါတယ်။ ဆန်လိုဒေ သဖြစ်သော်လည်း   သဘာဝဘေး အန္တရာယ်အတွက်  အရန်ဆန်ထားရှိ ခြင်းဖြစ်ကြောင်း  သိရပါတယ်။ အန္တရာယ်ကျရောက်တဲ့ ဒေသများ သို့တင်ပို့ပါက  ယခင်က ရန်ကုန်မြို့မှ သယ်ယူရခြင်းကြောင့် သယ်ယူစရိတ် ပိုမိုကုန်ကျပါကြောင်း၊ ကချင်ပြည်နယ် သို့ ဆန်လိုအပ်လို့ တင်ပို့မယ်ဆိုပါက မန္တလေးမြို့မှာ အရန်ဆန ်ထားရှိခြင်း ကြောင့် အချိန်တိုတိုအတွင်း တင်ပို့နိုင် မှာဖြစ်ကြောင်း သိရပါတယ်။  ဇူးဇူး-မန္တလေး