နိုဝင်ဘာမိုးနဲ့ ဆန်ကြမ်းက ဆန်ချောဈေးကို ပြိုင်လို့မနိုင်

ဆန်ချောဈေးထက် ဆန်ကြမ်းဈေးက အသာစီးယူမြင့်တက်တာမျိုး မရှိသေးပါဘူး။နောင်အခါမှာတော့ဆန် ချောဈေး ထက်မြင့်မဲ့ ဆန်ရှိလျှင်တော့ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဆန်ကြမ်း (ငစိန်)တော့ မဖြစ်နိုင်ပါဘူး။ဘိုကလေး အဝင်ပေါ်ဆန်း အဟောင်း(အလတ်စ) ဆန်တစ်အိတ်ဈေးက နိုဝင်ဘာလ ပထမနှင့် ဒုတိယပတ်အတွင်းမှာ ၂၄၀၀၀ ကျပ်၊ တတိယပတ်နှင့် စတုတ္ထပတ်မှာ ၂၃၀၀၀ ကျပ်၊ ဒီဇင်ဘာလ ပထမပတ်မှာ၂၃၀၀၀ ကျပ်၊ ကျိုက်လတ်အဝင်ပေါ် ဆန်းတစ်အိတ်ဈေးက နိုဝင် ဘာလပထမနှင့် ဒုတိယပတ်ထဲမှာ ၂၁၀၀၀ ကျပ်၊တတိယ ပတ်မှာ ၂၁၅၀၀ ကျပ်၊ စတုတ္ထပတ်မှာ ၂၀၅၀၀ ကျပ်၊ ဒီဇင်ဘာလ ပထမပတ်မှာ ၂၀၅၀၀ ကျပ်ဖြစ်လို့ ဈေးနှုန်းပြောင်းလဲမှု အနည်းငယ်ရှိခဲ့ပါတယ်။

ပေါ်ဆန်းအသစ်ကတော့ နိုဝင်ဘာလအတွင်းမှာ ရန်ကုန်ဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။ ဈေးကွက်အဝင် အဖွင့်ဈေးမှာ ၁၆၀၀၀ကျပ်၊ မှ ၁၈၀၀၀ ကျပ်၊ နိုဝင်ဘာလ ပထမ နဲ့ဒုတိယပတ်အ တွင်းမှာ ၁၉၀၀၀ ကျပ်၊မှ ၂၀၀၀၀ ကျပ်၊ တတိယပတ်မှာ ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်၊ ဒီဇင်ဘာ ပထမပတ်မှာ တော့ ၁၆၅၀၀ကျပ် မှ ၁၈၅၀၀ ကျပ် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကျရိပ်မှ တက်ရိပ်ပြန်ပြခဲ့ပါတယ်။ဆန်ကြမ်း (ငစိန်)ဈေးက နိုဝင်ဘာလ ပထမနဲ့ ဒုတိယပတ်အတွင်းမှာ ၁၃၈၀၀ ကျပ်၊ တတိယပတ်မှာ ၁၄၂၀၀ ကျပ်၊ ဒီဇင်ဘာလပထမပတ်မှာ ၁၄၂၀၀ ကျပ်၊ ဖြစ်လို့တက် ရိပ်ပြခဲ့ပေမယ့် ဈေးငြိမ်နေပါတယ်။ ဧည့်မထ ဆန် ဟောင်းဈေးကတော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာပထမပတ် မှာ ၁၅၃၀၀ ကျပ်မှ ၁၅၈၀၀ ကျပ်သို့ရောက် ရှိခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးထဲက ပေါ်ဆန်းထွက်တဲ့ မြို့နယ်တွေရဲ့ ပေါ်ဆန်းစပါးအသစ် ဈေးကိုလေ့လာတဲ့အခါ ဘိုကလေး မှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ပထမပတ်အဝင်အထိ ၄၁၄၀၀၀ကျပ်၊၃၇၇၂၀၀ ကျပ်၊ ၃၈၆၄၀၀ကျပ်၊ ၃၇၇၂၀၀ ကျပ်၊ ကျိုက်လတ်မှာ ၄၀၉၈၀၀ ကျပ်၊ ၃၉၃၀၀၀ ကျပ်၊ ၃၈၄၇၀၀ ကျပ်၊ နဲ့ ၃၉၃၀၀၀ ကျပ် ဖြစ်လို့စပါး ကျဆင်း မှုရှိခဲ့ပေမယ့်  စပါးသစ်ပေါ် ချိန်ဖြစ်လေ့ဖြစ်ထရှိသည်ထက် မပိုပါဘူး။ ဧရာဝတီတိုင်းဒေသကြီး အခြားမြို့နယ်တွေရဲ့ ပေါ်ဆန်းစပါးသစ်ဈေးတွေကတော့ မအူပင်မှာ ၄၄၁၆၀၀ ကျပ်၊ ပုသိမ်မှာ ၄၂၁၆၀၀ ကျပ်၊ ငပုတောမှာ ၄၃၀၀၀၀ ကျပ်၊ ဒေးဒရဲမှာ ၄၃၃၉၀၀ ကျပ် ရှိနေပါတယ်။နိုဝင်ဘာနောက်ဆုံး ပတ်အတွင်းမှာမိုးစပါးများ ရိတ်သိမ်း ချိန်မှာအချိန်အခါ မဟုတ် မိုးရွာသွန်း ခဲ့လို့စပါး၊ ဆန်သစ်ဈေးများ အရည်အသွေးအရပြောင်းလဲနိုင်မှုကြောင့် ဈေးကျဆင်းခဲ့သော်လည်း ပြန်လည်တည်ငြိမ်နေပါပြီ။ တရုတ်ဘက် ကိုမိမိတို့ဘက်မှ တရားဝင် ဆန်တင်ပို့လျက်ရှိရာ စားသုံးရန်ဧည့်မထဆန်၊ အရက်ချက်ရန်နှင့် မုန့်လုပ်ရန်အတွက် ငစိန်ဆန်တွေဝယ်ယူနေပါ တယ်။ ဒါကြောင့် ဆန်ကြမ်းက ဆန်ချောထက် ဈေးမြင့်နိုင်မှုမရှိနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။