မန္တလေးမြို့ ရတနာပုံဒိုင်းမွန်းပလာဇာအပေါ်ဆုံးထပ်မှာ ထိုင်းကုန်စည်ပြပွဲ ၂၀၁၂ ကျင်းပမည်

မန္တလေးမြို့၊ ရတနာပုံဒိုင်းမွန်းပလာဇာ အပေါ်ဆုံးထပ် (Sky Hall Promo- tiom Area) တွင်း ထိုင်းကုန်စည်ပြပွဲ ၂၀၁၂ အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၆ ရက်အထိ ၄ ရက်တာကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ယင်းပြပွဲအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း)နှင့် (Department of International Trade Promotion, Ministry of Commerce Royal Thai Government) တို့ပူးပေါင်းပြီး ထိုင်းနိုင်ငံထွက် ပစ္စည်းများအား ဈေးကွက်မြှင့် တင်ရန်နဲ့ အိမ်နီးချင်းနိုင်ငံများရှိ စက်မှုကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းဆောင်ရွက်တဲ့အနေနဲ့ ထိုင်းကုန်စည်ပြပွဲ (၂၀၁၂) အား ကျင်းပခြင်းဖြစ် ကြောင်း သိရပါတယ်။ ပြပွဲမှာ ထိုင်းနိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀ ကျော်၊ ဆိုင်ခန်းပေါင်း ၂၀၀ နဲ့ ပြသသွားမှာဖြစ်ကြောင်းသိရပါတယ်။      ခင်မြင့်မြင့်သန်း-မန္တလေး