အိန္ဒိယမှ ဂျုံမှုန့်များပြည်တွင်းသို့ တရားဝင်တင်သွင်းခွင့်ပြုပြီ

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ တမူးနယ်စပ်ကုန်သွယ်ရေးမှ ယခင်က ဂျုံစေ့များသာ တင်သွင်းခွင့်ပြုထားပြီး အောက်ခြေဒေသခံပြည်သူများနဲ့ ကုန်သည်များ လူနေမှုစီးပွားအစဉ်ပြေချောမွေ့စေရန်ရည်ရွယ်ပြီး ဂျုံမှုန့်များ ကိုပါ တရားဝင်တင်သွင်းခွင့်ပြုလျက်ရှိရာ ယခုဒီဇင်ဘာလပထမပတ်မှာတော့ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းရှိ ဂျုံမှုန့် ၆ တန်ကျော် ကို စတင်တင်သွင်းနိုင်ခဲ့ပါတယ်။ ဂျုံမှုန့် တစ်ကီလိုဂရမ်ကို မိမိဘက်ဈေး ၂၂၄ ကျပ်ဖြစ်ပြီး ယခုတင်သွင်းလာတဲ့တံဆိပ်ကတော့  SHREE Brand  ဖြစ်တယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေးမှ သတင်းရရှိပါတယ်။
ခင်မိုးသူ