Main menu

Background

ရန်ကုန်မြို့တွင်း တိုက်ခန်းအငှားဈေးကွက် ဆက်လက်မြင့်တက် အရောင်းအဝယ်မှာ မဆိုစလောက်သာရှိ

Wed, 12/12/2012 - 05:33 -- Anonymous (not verified)

နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့တွင်း ရှိ အိမ်ခြံမြေဈေးကွက်မှာ အေး စက်နေသယောင်  ရှိသော်လည်း တိုက်ခန်း  အိမ်ခန်း အငှားဈေး ကွက်မှာ ကျယ်ပြန့်လျက်ရှိပြီး ဈေး နှုန်းများမှာလည်း နေ့စဉ်မြင့်တက် လျက်ရှိကြောင်းအိမ်ခြံမြေအကျိုး ဆောင်များထံမှ သိရှိရသည်။

"အခုတလောမှာ   ပိုဆိုးလာ တယ်။ တိုက်ခန်းအငှားတွေ လိုက် လာတယ်။ လိုက်လာတော့ အိမ် ရှင်တွေက ဈေးကို တင်ထားတာ။ အရင်တုန်းကဆို   ပြောတဲ့ဈေး အတိုင်းဆိုပေမယ့် ငှားတဲ့သူနဲ့တွေ့ တဲ့အခါကျရင် လျှော့ပေးတာတွေ ရှိတယ်။ အခုတော့  ဒီလိုမျိုး မဟုတ်ဘူး။ အိမ်ရှင်တွေကိုယ်၌က ဈေးကိုတင်းထားတာ။ ငှားတဲ့သူ တွေက ဝယ်ရောင်းထက်   ပိုများ တော့ အိမ်ရှင်တွေကလည်း သူ တို့ကြိုက်ဈေးခေါ်ထားတာ။ ငှား တဲ့သူကလည်း ကြိုက်ပြီဆိုရင် ဈေး ကို မဆစ်ဘဲ ငှားကြတာ။ တချို့ဆို တစ်သိန်းလောက်ပဲတန်တဲ့ အခန်းကို တစ်သိန်းခွဲအထက် ပေးကြတော့ အိမ် ရှင်တွေက တင်းထားတာ မဆန်းပါဘူး" ဟု ၃၈ လမ်းထိပ်မှ  အကျိုးဆောင် တစ်ဦးဖြစ်သူ မမြင့်ကဆိုသည်။ရန်ကုန်မြို့တွင်း၌   အိမ်ငှားဈေး ကွက်မှာ ပျက်သကဲ့သို့ဖြစ်နေပြီး အခန်း များရှားပါးမှုကလည်း လုပ်ငန်းလုပ်ကိုင် လိုသူတို့အတွက်   ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ပင်ဖြစ်နေကြောင်း သိ ရသည်။"ကျွန်တော်က ဒီမြို့ထဲမှာ  အလုပ် ခန်းလေးတစ်ခုဖွင့်မလို့ အခန်းလိုက်ရှာ တာ တစ်သိန်းဆိုတဲ့အခန်းက ဟိုး တာဝတိသာမှာ။ ၆လွှာ၊ ၇လွှာရောက် နေပြီ။ နောက်ပြီး အဲဒီလိုနေရာတွေမှာ ဒီမြို့ထဲက ဈေးသည်တွေက ငှားနေကြ တာ။ သူတို့ဝင်ငွေနဲ့ သူတို့ငှားနေတာ နဲ့ကိုက်ရဲ့လားလို့တောင် ကျွန် တော်စဉ်းစားမိတာ။နေရာကောင်း ရင် ပထမထပ်ဆို  နှစ်သိန်းခွဲ၊ သုံးသိန်း ဘယ်လိုလုပ်ပြီး မြို့ထဲမှာ စီးပွားရှာလို့ရတော့မလဲဗျာ။ အိမ် ခန်းငှားခကပဲ တရင်းတနှီး ဖြစ် နေပြီ။  မြို့ပြင်ထွက်တော့လည်း လမ်းခရီး အခြေအနေအရ အဆင် မပြေ။ ဒီမြို့တွင်း ခြောက်မြို့နယ် မှာကတော့ဘယ်လိုမှ အဆင်ပြေ မှာမဟုတ်ဘူး"ဟု ကျောက်တံတား မြို့နယ်အတွင်း အိမ်ခန်းလိုက်လံ ရှာဖွေနေသူတစ်ဦးက ဆိုသည်။ရန်ကုန်မြို့တွင်း  ခြောက်မြို့ နယ်တွင် ၁၂ပေခွဲ ပေ ၄၀ ပထမ ထပ်လျှင် ကျပ်နှစ်သိန်းမှ သုံးသိန်း၊ လမ်းမတန်းဖြစ်ပါက ကျပ်သုံးသိန်း အထက်ဈေးရှိကြောင်း သိရသည်။ ၆လွှာ၊ ၇လွှာခန်းများမှာလည်း နေရာကောင်းပါက ကျပ်  တစ် သိန်း၊ တစ်သိန်းခွဲဝန်းကျင်  ပေး ရကြောင်း သိရသည်။မယ်သီတာ