Main menu

Background

ရန်ကုန် - မန္တလေးအဝေးပြေး Express ယာဉ်လိုင်းများ များပြားလာပြီး လုံခြုံမှုရှိတဲ့ ယာဉ်များနဲ့ အပြိုင်ပြေးဆွဲ

Wed, 12/12/2012 - 05:36 -- Anonymous (not verified)

ရန်ကုန်-မန္တလေး   အဝေးပြေး နထစမနျျ ယာဉ်လိုင်းများကို ရင်းနှီးမြှုပ် နှံသူများခြင်းကြောင့် ယာဉ်စီးရေ တိုး လာပြီး၊ ယာဉ်လိုင်းများမှ ဝန်ဆောင်မှု များပေးကာ အပြိုင်အဆိုင်ပြေးဆွဲလာ ကြောင်း သိရပါတယ်။ ဒါ့အပြင် ယခု နောက်ပိုင်းမှာ ခရီးသည်များ အန္တရာယ် ကင်းရှင်းနိုင်တဲ့လုံခြုံမှုပိုင်းကို ဝန်ဆောင် မှုအပြိုင်အဆိုင်ပေးလာကြောင်း သိရပါ တယ်။

ခိုင်မန္တလေး   ယာဉ်လိုင်းပိုင်ရှင် ကိုခိုင်က  "အမြန်လမ်းမကြီးပေါ်မှာ ကားအက်ဆီးဒင့်က မကြာခဏ ဖြစ်နေ တယ်။ ကိုယ်ပိုင်ကားတွေ အများဆုံး ဖြစ်ပွားခဲ့တယ်။ ယာဉ်မောင်းကျွမ်းကျင် ဖို့နဲ့ ယာဉ်တွေအဆင်ပြေဖို့လည်း လို တယ်။ အခုဆို ယာဉ်လိုင်းတိုးလာသလို ယာဉ်တွေလည်း စီးရေများလာတယ်။ ဒီလမ်းမကြီးပေါ်မှာ အဝေးပြေးယာဉ် လိုင်းကနေ့စဉ် အစီး ၁၀၀ ဝန်းကျင် အစုန်အဆန်ပြေးဆွဲမှုရှိမယ်။ယာဉ်လိုင်း တွေက အပြိုင်အဆိုင်ဆိုတော့ ခရီး သည် လုံခြုံစိတ်ချမှုရှိအောင် ဝန်ဆောင် မှုကောင်းကောင်း  ပေးလာကြတယ်။ UPPER  CLASS ရှိတဲ့ကားတွေနဲ့ အပြိုင်အဆိုင်ပြေးဆွဲမှုရှိလာတယ်"လု့ိ ပြောပါတယ်။ယခင်က ORDINARY  CLASS  အဆင့်ရှိယာဉ်များ ပြေးဆွဲရာမှ ယခု UPPER  CLASS  အဆင့်ရှိ ယာဉ်များ ပြေးဆွဲပေးလျက်ရှိပါတယ်။  UPPER  CLASS  ကားများမှာ Electric  Level  Control  မှ စက္ကန့်နဲ့အမျှ ထိန်းညှိပေး ခြင်း၊ Speed  Limit  Control ပါရှိပြီး၊ ကွန်ပျူတာစနစ်နဲ့  ၁၁၅ ကီလိုမီတာ အထိသာ  မောင်းနှင်နိုင်ဖို့ အမြန်နှုန်း ထိန်းချုပ်ထားခြင်း၊ အမြန်မောင်းနေ စဉ် လမ်းချော်ထွက်ခြင်းမရှိတဲ့ စနစ်များ တပ်ဆင်ထားခြင်းရှိတဲ့ ကားများနဲ့ ပြေး ဆွဲလာကြောင်း သိရပါတယ်။ SUPPER  CLASS အဆင့်ရှိ ယာဉ်စီးခမှာ တစ်ဦးကို ကျပ် ၁၈၀၀၀ ရှိပြီး၊ORDINARY CLASS ယာဉ် စီးခမှာ တစ်ဦးကို  ကျပ် ၁၁၀၀၀ ရှိ ကြောင်းသိရပါတယ်။ ဇူးဇူး-မန္တလေး