Main menu

Background

ကားဈေးကွက် ရောင်းလိုသူများနေ

Wed, 12/12/2012 - 05:35 -- Anonymous (not verified)

ကားသစ်များ အဝင်များပြားနေသည့် ရန်ကုန်မြို့ ကားဈေးကွက်အတွင်း အရောင်းများနေပြီး အဝယ်ရှားပါး နေကြောင်း သိရသည်။ ဆိပ်ကမ်းအသီးသီးတွင် မထုတ်ရသေးသောကားများ များစွာကျန်ရှိနေပြီး ယခင်မှာပြီး ထားသော ကားများ မှာလည်း ဆက်တိုက်ဝင်ရောက်ရန်ရှိသဖြင့် ကားဈေးတန်းများမှာ အလျော့ဈေးဖြင့် ရောင်းချမှာသာ အဝယ်ရှိကြောင်းသိရသည်။

လတ်တလော အရောင်းအဝယ်ဖြစ်နေသည့် ကားများမှာလည်း ကားလေး များနှင့် ဗင်တက္ကစီများသာဖြစ်ပြီး အင်ဂျင်ပါဝါမြင့်ကားများမှာ မိုဒယ်လ်နိမ့်သည့် အပြင် စလစ်ဈေးနှုန်းများမှာ ဈေးတန်းနေသဖြင့် လတ်တလောအဝယ်နည်းနေပြီး မရှိမဖြစ် သုံးမည့်သူများသာ ကာလူဂါနှင့် ဆပ်(ဖ်)စသည့် ကားများ တစ်စီးစ နှစ်စီးစအဝယ်ရှိကာ လူအများစုမှာလည်း နှစ်ဆန်းပိုင်းတွင် ပြောင်းလဲလာမည့် ယာဉ်မူဝါဒအား စောင့်မျှော်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း  အပေါ်ဝိုင်း ဝါရင့်အကျိုး ဆောင် ကိုမြင့်ကျော်မှပြောသည်။အိုဟောင်းအပ်နှံ စလစ်ဈေးနှုန်းများမှာ ယခုအချိန်ထိ ဈေးမကျသေးဘဲ အမည်ပေါက် ကျပ်သိန်း ၉၀ မှ ၉၂ သိန်း၊ ရိုးရိုး ကျပ် ၈၈ သိန်းမှ ကျပ်သိန်း ၉၀ ခန့်ရှိနေသဖြင့် အင်ဂျင်ပါဝါမြင့်ကားများ အရောင်းအေးနေရခြင်းဖြစ်ကြောင်း၊ လက်ရှိလေလံကားများ အပ်နှံလက်ခံဆဲဖြစ်ပြီး "ဗ" အက္ခရာယာဉ်များလည်း အပ်နှံ ဆဲရှိကာ နောင်လာမည့် အက္ခရာစဉ်အလိုက် ပြန်လည်လက်ခံသွားပါက စလစ်ဈေး များ ပြန်လည်ကျဆင်းလာနိုင်ကြောင်း ၎င်းမှပြောသည်။အင်ဂျင်ပါဝါသေးကားလေးများထဲတွင် ဆီစားသက်သာသော ဂျပန်ကား ငယ်များသာ လူအဝယ်ရှိပြီး လက်ရှိပေါက်ဈေး ကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့်ဖြင့် ဝယ်ယူနိုင်ကာ ပရိုဘောက်အက္ခရာနိမ့်များပင် ကျပ်သိန်း ၁၀၀ စွန်းစွန်းဖြင့်ရောင်းချ လာသဖြင့် တစ်ပိုင်တစ်နိုင် တက္ကစီလုပ်မည့်သူများ အဝယ်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံလုပ် ချယ်ရီဝက်ဂွန်နှင့် မြန်မာမီနီများမှာ ဈေးမရှိတော့ဘဲ လက်ရှိသုံးနေ သည့် ကားဟောင်းများအား ကျပ်သိန်း ၇၀ ဝန်းကျင်ဖြင့် ရောင်းလာကြပြီး ဌာနမှ ရောင်းချသောဈေးမှာ အခွန်ပါပြီး ကျပ် ၈၁ သိန်းခန့်ရှိသဖြင့် ယင်းကားများအား အဝယ်နည်းလာပြီး ငွေထပ်ဆောင်းကာ ဂျပန်ကားလေးများသာ ချိန်ထိုးဝယ်ယူ တတ်ကြောင်း သိရသည်။ကားအရောင်းပြခန်းများစွာဖွင့်လှစ်လာသော်လည်း ယာဉ်အိုဟောင်းနှင့် ကျပ် သိန်း ၁၀၀ ဝန်းကျင်တန်ဖိုးရှိ ကားငယ်တိုက်ရိုက်လဲလှယ်ပေးသော ကုမ္ပဏီတစ်ခု သာရှိသေးသဖြင့် ထိုသို့လဲလှယ်ပေးနိုင်သော ကားအရောင်းကုမ္ပဏီများစွာ ထွက်ရှိ လာစေလိုကြောင်း၊ ယာဉ်ဟောင်းလက်ဝယ်ရှိသူများစွာ ငွေမလိုက်ရဘဲ အဆင်ပြေ နိုင်သဖြင့် ထိုသို့မျှော်လင့်ရခြင်းဖြစ်ကြောင်း "ဘ" အက္ခရာဆလွန်းယာဉ်ဟောင်း ပိုင်ရှင် ကိုအေးထွန်းမှပြောသွားသည်။                               SN