Main menu

Background

ရုံးပတီသီး လေယာဉ်စီး

Wed, 12/12/2012 - 05:47 -- Anonymous (not verified)

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းကလူတွေဟာရုံး ပတီသီးမျိုးစေ့တွေကို အာဖရိကတိုက်မှာ ပထမဦးဆုံး စိုက်ပျိုးခဲ့တယ်ဟု  ယူဆကြပါတယ်။ ထိုမှတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသ အိန္ဒိယနှင့် အာရှဒေသများသို့ ကျွန်ကုန်ကူးရင်းဖြင့် ပျံ့နှံ့သွားပြီး  ယင်းမှတစ်ဆင့် ကမ္ဘာအနှံ့အပြားသို့ ရောက်ရှိလာပါတယ်။ ရုံးပတီသီး ခြောက်၊ ရုံးပတီဆီ၊ ရုံးပတီသီးအစေ့ကို ကော်ဖီ အစား ထိုးပစ္စည်းအဖြစ် သုံးကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံ တွင် တို့စရာအဖြစ်လည်းကောင်း၊  ပဲကုလားအချဉ် ဟင်းရည်တွင်လည်းကောင်း ထည့်၍ ချက်စားလေ့ရှိ ပါတယ်။ ရုံးပတီသီး အနုအရင့်ကို  အဖျားဘက်ရှိ အချွန် လေးအားချိုးကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။ ချိုး လိုက်၍ ဆတ်ခနဲကျိုးသွားလျှင် နုပြီး မကျိုးဘဲ ထိပ်ကွဲ သွားလျှင် ရင့်ပါတယ်။

ရုံးပတီသီးတွင် ပိုတက်စီယမ်၊ ဗီတာမင်စီ၊ မဂ္ဂနီစီ ယမ်ဓာတ်တို့ များစွာကြွယ်ဝပါတယ်။  နှလုံးရောဂါ၊ အရိုးကျီးပေါင်းတက်ရောဂါနှင့် အရိုးပါးရောဂါ ကာ ကွယ်ရန်အစွမ်းအာနိသင်ရှိသော လက်နက်တစ်ခုဖြစ် ပါတယ်။ ကိုယ်အလေးချိန်  လျှော့လိုသူတွေအတွက် လည်း ရုံးပတီသီးစားသုံးခြင်းဟာ ကောင်းပါတယ်။အမျိုးသမီးတွေ သွေးဆုံးလျှင် အရိုးပါးရောဂါ အဖြစ်များတတ်တာမို့ အသက် ၄၀ ကျော်တာနဲ့ ရုံး ပတီသီး နေ့စဉ်စားသုံးသင့်ပါတယ်။  ရုံးပတီသီးမှာ အရိုးပါးရောဂါတိုက်ထုတ်ပေးမယ့် ဖိုက်တာလေးမျိုး ဖြစ်တဲ့ ပိုတက်စီယမ်၊ ဗီတာမင်စီ၊  မဂ္ဂနီစီယမ်နှင့် ဘီတာကာကာရိုတင်းတို့ ပါပါတယ်။ ကယ်လ်စီယမ် ဓာတ်ပြီးလျှင် အရိုးတည်ဆောက်ရာတွင် အရေးကြီး ဆုံးသော သတ္တုဓာတ်ဆားအားလုံးရဲ့ နေ့စဉ်လိုအပ် ချက်၏ ၁၀ ရာခိုင်နှုန်းကို ရုံးပတီသီးမှာ ပါတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင်အသက်ရလာတာနဲ့အမျှ ဖြစ် ပွားလေ့ရှိသော အဆစ်အမြစ်များမှာ အဖြစ်များတဲ့ အရိုးကျီးပေါင်းတက်ရောဂါကို  သက်သာစေတယ်လို့ သိရှိရပါတယ်။ ရုံးပတီသီးမှာပါတဲ့ အာဟာရဓာတ်များ ဟာအဆစ်အမြစ်နှင့် အရိုးနုပွန်းစားခြင်းများကို သက် သာလျော့ပါးစေတယ်။ အထူးသဖြင့် အရိုးနုတွင် မရှိ မဖြစ်လိုအပ်သော  အစိတ်အပိုင်း မဂ္ဂနီစီယမ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းမှာ  ရုံးပတီသီး ၅၂၀ကီလိုဂရမ်ကို စင်ကာပူနိုင်ငံသို့ တင်ပို့ရန်အတွက် လိုင်စင်လာရောက် လျှောက်ထားကာ ထုတ်ယူခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ရုံးပတီသီးဟာ ကျန်းမာရေးအတွက်  အထူးကောင်းမွန်သည့်အပြင် နိုင်ငံခြားဝင်ငွေရရှိရန် အလားအလာရှိသော ပြည်ပ ပို့ကုန်အမယ်သစ်  တစ်မျိုးဖြစ်ကြောင်း တင်ပြလိုက် ရပါသည်။  ခင်စန်းဝင်း(DOT)