Main menu

Background

ကုန်သည်လုပ်ငန်းရှင်များမှ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်

Wed, 12/12/2012 - 05:46 -- Anonymous (not verified)

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ Mobile Team  ဖွဲ့စည်းဆောင်ရွက်နေမှု၊ FDA ထောက်ခံချက် လျှောက်ထားနိုင်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် ၁၀း၃၀ နာရီတွင် နယ်စပ် ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်။

အဆိုပါဆွေးနွေးပွဲမှာ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော် ကကုန်သည် လုပ်ငန်းရှင်များရဲ့ကြိုးစားဆောင်ရွက်မှုကြောင့် ပို့ကုန်တင်ပို့မှု တိုးတက် လာကြောင်း၊ ပို့ကုန်တင်ပို့ပြီး ကုန်မဲ့ပြန်မည့်အစား တစ်ဖက်နိုင်ငံမှမိမိတို့တွက်ခြေကိုက်မည့် ပစ္စည်းများ  မှာယူတင်သွင်းနိုင်လျှင် ပို့ကုန်မော် တော်ယာဉ်ခသက်သာနိုင်ပြီး အလုပ်အကိုင်အခွင့်လမ်းများ ပိုမိုလာမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံဖက်တွင်သာမက တစ်ဖက်နိုင်ငံဘက်တွင်လည်း အသွားအပြန်ကုန်စည် များရရှိနိုင်တဲ့အတွက် မိမိကုန်စည်များအပေါ် ဈေးကောင်း ပေးပြီး ဝယ်ယူကြမှာဖြစ်ကြောင်း၊ မိမိတို့တွက်ခြေကိုက်မယ့် သွင်းကုန်ပစ္စည်းများကို ဈေးကွက်ရှာဖွေတင်သွင်းတဲ့ နည်းလမ်းများကို ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ ဈေးနှုန်းများမှာလည်း ကုန်သည်လုပ်ငန်း ရှင်များမှ တင်ပြလာတဲ့ ဈေးနှုန်းအတိုင်း ခွင့်ပြုပေးထားကြောင်း၊ အရေအတွက်ကိုလည်း ကန့်သတ်ထားခြင်း မရှိ။ လျှောက်ထားတဲ့ အတိုင်းခွင့်ပြုပေးမှာဖြစ်ကြောင်း၊ သစ်သီးအစိုအမယ်ပေါင်း ၁၄ မျိုးခွင့်ပြုထားပြီး ပြည်တွင်း၌ မထွက်ရှိတဲ့ကာလများတွင် ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း၊FDA ထောက်ခံချက်ကို ယခင်တစ်နှစ်ခွင့် ပြုခဲ့သော်လည်း ယခုအခါနှစ်နှစ်ထိ ခွင့်ပြုထားပြီးဖြစ်ကြောင်းနဲ့ ကုန်သွယ်မှုဆောင် ရွက်ရာတွင် တွေ့ကြုံရတဲ့ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဆက်လက်ပြီး ချင်းရွှေဟော်ကုန်သည်ကြီးအသင်းဥက္ကဋ္ဌ ဦးအယ်တိန့်ဘောင်က Mobile Team  အဖွဲ့ဖြင့်  တရားမဝင် မှောင်ခိုလုပ်ငန်းများ တားဆီးပေးမည်ဖြစ်သဖြင့် မိမိတို့ကုန်သည်များအနေဖြင့် ဈေးကွက် အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ပြီး၊ ကုန်သည်များအတွက် အကျိုးရှိမှာဖြစ်သလို နိုင်ငံတော်အတွက် ထိုက်သင့်တဲ့ အခွန်အခများရရှိလာမှာဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလုပ်ကိုင်ဆောင်ရွက်နိုင် မယ့်အခွင့်အလမ်း များ ပိုမိုရရှိနိုင်ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ကုန်သည်လုပ်ငန်းရှင် များအခွင့်ရေးကောင်းများ လက်လွတ်မဆုံးရှုံးရအောင် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဇော်မှလည်း တရားမဝင် ကုန်သွယ်မှု များကို လှုပ်ရှားရှာဖွေတားဆီးရေးအဖွဲ့ Mobile Team  အဖွဲ့နှင့်ပတ်သက်ပြီး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: နကသ(ခရဟ) MIRT (DOBT)