Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် TPIS ရုံးတွင် နိုင်ငံခြားအကူအညီ အထောက်အပံ့လုပ်ငန်းများအတွက် စီမံချက်ရေးဆွဲ၍ ချေးငွေများ တင်ပြနိုင်ရန်အတွက် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

Wed, 12/12/2012 - 05:48 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS ရုံးမှာ ၂၀၁၂ ခုနှစ်၊ ဒီဇင် ဘာ ၆ ရက် နံနက်က ဒေသခံဆန်စက်ပိုင်ရှင်များ၊ ကလောစက် လုပ်ငန်းပိုင်ရှင်များ၊ ငှက်ပျောစက်ရုံလုပ်ငန်းရှင်များ၊ အသေးစား စက်မှုလုပ်ငန်းရှင်များနဲ့ တိုင်း TPIS တာဝန်ခံတို့ တွေ့ဆုံခဲ့ပြီး၊ နိုင်ငံ ခြားအကူအညီနဲ့ ချေးငွေရရှိတင်ပြနိုင်ရေးကို ဆွေးနွေးခဲ့ရာ လုပ်ငန်း ရှင် ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

တိုင်း TPIS  တာဝန်ခံမှ ဆွေးနွေးရာမှာ ယခုအခါ တိုင်း ဒေသကြီးအစိုးရကို နိုင်ငံခြားတိုင်းပြည်များမှ ငွေကြေးအထောက် အပံ့၊ နည်းပညာ၊ စက်ပစ္စည်းများအား Grant၊ Loan၊ Investment  များနဲ့ အကူအညီပေးရန် လာရောက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့မြို့နယ်အတွင်း လက်ရှိလုပ်ကိုင်လျက်ရှိတဲ့ ဆန်စပါး၊ ကလော၊ ငှက်ပျော၊ အသေးစားစက်မှုလုပ်ငန်းများအတွက် အဆင့်မြင့်စက်ရုံ များ တည်ဆောက်ခြင်း၊ အဆင့်မြင့်သိုလှောင်ရုံများ တည်ဆောက် ခြင်း၊ ပြည်ပကို အသင့်တင်ပို့နိုင်ဖို့ Value  added  စက်ရုံများ တည် ဆောက်ခြင်းများအတွက် စီမံချက်ရေးဆွဲပြီး လိုအပ်တဲ့ ချေးငွေ၊ နည်း ပညာ၊ ပစ္စည်းများအား တင်ပြထားဖို့ လိုအပ်ပါကြောင်း၊ သို့မှသာ အကူအညီပေးမယ့် နိုင်ငံများကလာရောက်တဲ့အခါ မိမိတို့ဒေသရှိ လိုအပ်ချက် အကူအညီများကို တင်ပြဆောင်ရွက်နိုင်မှာ  ဖြစ်ပါ ကြောင်း၊ အကူအညီများရပါက မိမိတို့ဒေသအတွင်း အဆင့်မြင့် စက်ရုံအလုပ်ရုံများ တည်ဆောက်နိုင်မှာဖြစ်ပြီး၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်မှု အလျင်အမြန် လုပ်နိုင်မှာဖြစ်ကြောင်း၊ သို့မှသာ ဒေသခံ ဆင်းရဲနွမ်းပါးသူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမှာ ဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးကိုလည်း အထောက်အကူဖြစ်ကာ မိမိတို့ရဲ့လုပ်ငန်းများလည်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။                                   စိုးဦး-ပုသိမ်