မန်းသစ်သီးဈေးကွက်ထဲက လိမ္မော်သီးဈေးကွက်
မန္တလေး ဈေးကွက်အတွင်းသို့ ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကျောက်မဲနဲ့ သီပေါနယ်များမှ လိမ္မော်နဲ့ ပျားလိမ္မော် များ လှိုင်လှိုင် ဝင်ရောက်နေပါတယ်။ ယခုတလော မန်းဈေးကွက်အတွင်းသို့ ံငူကထ ကားများနဲ့ဝင်ရောက်ပါတယ်။ မန်းသစ်သီးပွဲရုံများကတော့ လိမ္မော်သီး ကို ကြီး၊ လတ်၊ သေးမခွဲဘဲ တောင်း ဈေးဖြတ်ဝယ်ကြပြီး၊ ပျားလိမ္မော်ကို တော့ ပိဿာဈေးနဲ့ ဝယ်ယူကြောင်း သိရပါတယ်။
ယခုလတ်တလော သစ်သီးဒိုင်ဈေး နှုန်းများကတော့ လိမ္မော်သီး တစ် တောင်း ၈၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်၊ ပျားလိမ္မော် တစ်ပိဿာ ၁၅၀၀ ကျပ်နဲ့ ဝယ်ယူကြပါတယ်။ လက်လီ ရောင်း သမားများကတော့ လိမ္မော်သီးတစ်လုံး (ကြီး) ၁၅၀ ကျပ်၊ ၂၀၀ ကျပ်၊ ပျား လိမ္မော် ၂၅ ကျပ်သားတစ်ထုပ်ကို ၅၀၀ ကျပ်နဲ့ ရောင်းဝယ်လျက်ရှိကြောင်း သိရ ပါတယ်။ တင်ဇာမျိုး-မန္တလေး
