ဈေးကောင်းရ ကြက်သွန်နီ

ပြည်ကြက်သွန်နီဈေးကွက်မှာ ကြက် သွန်နီဈေးနှုန်းများ ယခုတစ်ပတ်အတွင်း တစ်ပိဿာ ၃၀၀ ကျပ်နှုန်းခန့် ဈေးမြင့် တက်သွားပြီး၊ လက်ကားဈေး (သေး) တစ်ပိဿာ ၁၆၀၀ ကျပ်၊(လတ်) ၁၇၅၀ -၁၈၅၀ ကျပ်၊ (ကြီး) ၂၀၀၀   ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိပါတယ်။ ယခင်နှစ် ကာလတူဈေးနှုန်းတစ်ပိဿာကို (ကြီး) ၁၀၀၀ ကျပ်၊(လတ်) ၈၅၀ ကျပ်၊ (သေး) ၇၀၀ ကျပ်တို့နဲ့နှိုင်းယှဉ်ရင် ယခုနှစ်မှာ ကြက်သွန်နီ  စိုက်ပျိုးသူ   တောင်သူ အကြိုက် ဈေးကောင်းလျက် ရှိနေပါ တယ်။ နိုဝင်ဘာတတိယပတ်လောက်မှ စပြီး တဖြည်းဖြည်း ဈေးမြင့်တက်လာခဲ့ လို့ ပွဲရုံလုပ်ငန်းရှင်များအနေနဲ့သိုလှောင် ခြင်းမပြုတော့ဘဲဝယ်လက်ရှိသလောက် မှာယူရောင်းချနေကြောင်း သိရပါ တယ်။ မှာယူတင်သွင်းရတဲ့ မကွေးတိုင်း ဒေသကြီးမှာပင်ကြက်သွန်နီ အဟောင်း များကုန်ခါနီးအချိန် အသစ်များလည်း အနည်းငယ်မျှသာ  ထွက်ပေါ်နေတဲ့ အချိန်ဖြစ်ရာ ပစ္စည်းရှားကာလမို့ ဈေး ကောင်းရနေပါတယ်။ ပြည်ဈေးကွက် အတွင်း ကြက်သွန်နီအဟောင်းများ ၃ ရက်ခြားတစ်ခါအဝင်ရှိတဲ့အတွက် ယခု တစ်ပတ်အတွင်း ၃၅ ပိဿာဝင် အိတ် ၄၀၀ ခန့် ဝင်ရောက်ပြီး၊ လက်ကျန်မရှိ အရောင်းအဝယ်ဖြစ်လျက်  ရှိနေပါ တယ်။ ကြက်သွန်နီ  အသစ်မှာလည်း ကျောက်ပန်းေ တာင်းဘက်မှ အလတ်စ များသာ ယခုတစ်ပတ် အိတ် ၄၀ ခန့် စတင်ဝင်ရောက်မှုရှိပြီး၊ တစ်ပိဿာကို ၁၄၀၀ကျပ်နဲ့ရောင်းဝယ်မှုပြုနေကြောင်း သိရပါတယ်။    ဝင်းလဲ့ဝါ-ပြည်