ဝါရှင်တန် ရုရှားနိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း အ မေရိကန်နိုင်ငံက စစ်အေးတိုက်ပွဲ ကာလကုန်သွယ်ရေး ကန့်သတ်ချက် တွေကို အဆုံးသတ်ရန် အဆိုကို အမေရိကန်လွှတ်တော်မှာ မဲခွဲ ဆုံး ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုများကိုရည်မှန်း ထားတဲ့ အစီအစဉ်များကြောင့် မော် စကိုအတွက် စိတ်မသက်သာဖြစ်ခဲ့ ရပါတယ်။အမေရိကန်လွှတ်တော်က အမြဲတမ်း ကုန်သွယ်မှု ဆောင်ရွက်ဖို့ ၉၂-၄ မဲနဲ့နှင့်ဆုံးဖြတ်ခဲ့ကြောင်း အေ အက်ပီသတင်းမှာဖော်ပြထားပါတယ်။
ဆိုးလ် စမတ်ဖုန်း ထုတ်လုပ်သူ အက်ပဲ က မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြည် တွင်းကုမ္ပဏီ ဆမ်ဆောင်း အီလက် ထရွန်းနစ်၊ အက်စ်ကေတယ်လီကွန်နဲ့ ကေတီကော်ပိုရေးရှင်းတို့နဲ့ အငြင်း ပွားမှုတွေရှိနေပေမဲ့ အက်ပဲ iphone 5 ကို တောင်ကိုရီးယားမှာ ဒီဇင်ဘာ ၇ ရက်ကဖြန့်ချိခဲ့ကြောင်း Yonhap သတင်းမှာဖော်ပြထားပါတယ်။
ဟနွိုင်း ယခုနှစ် ယခုအချိန်ထိ ဗီယက် နမ်ရဲ့ ပြည်တွင်း ဘိလပ်မြေသုံးစွဲမှုကို ပြန်လည်သုံးသပ်ပါကတန် ၄၂ သန်း ထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။ ဗီယက်နမ် ကျောက်မီးသွေးနဲ့ဓာတ်သတ္တုအဖွဲ့ ကယခုနှစ်မှာ ဘိလပ်မြေတန် ၂ ဒသမ ၂ သန်းရောင်းဖို့ ရည်မှန်းထား ပေမဲ့ တန် ၁ ဒသမ ၅၈ သန်းသာ ရောင်းခဲ့ရကြောင်း VNS သတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်
အသစ်ပြဌာန်းလိုက်တဲ့ အနည်း ဆုံးလုပ်ခကို ဘတ် ၃၀၀ သတ်မှတ် လိုက်တာကို ထေမိနိုင်ဖို့အတွက် ပူးတွဲ ပုဂ္ဂလိက ကော်မတီရဲ့ အသေး စား နဲ့အလတ်စား စီးပွားရေးလုပ်ငန်း (SME) များ ကူညီရေး အဆိုသစ်ကို ပူးတွဲ စဉ်းစားဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ဘဏ္ဍာရေးနဲ့ အလုပ်သမား ဝန်ကြီး ဌာနက သဘောတူခဲ့ပါတယ်။ ဒီအစီ အစဉ်အရအစိုးရက သုံးနှစ်အတွင်း ဘတ်ဘီလီယံ ၅၀ သုံးရလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း နေရှင်းသတင်း မှာဖော်ပြထားပါတယ်။