Main menu

Background

ဗီယက်နမ်က ထိုင်းနိုင်ငံကို ငါးနှစ်အတွင်း ကျော်တက်နိုင်

Wed, 12/12/2012 - 06:28 -- Anonymous (not verified)

ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်လုပ် မှုအဆင့်ကိုသတ်မှတ်ရာတွင်ထိုင်းနိုင်ငံ ရဲ့ အဆင့်က မူလ ၁၁ နေရာတွင်ရှိ နေရာမှလာမဲ့ ငါးနှစ်အတွင်း အဆင့် ၁၅ ကို ကျသွားနိုင်ကြောင်းနဲ့ ဗီယက် နမ်နိုင်ငံကထိုင်းနိုင်င ံကိုကျော်တက်ကာ ထိပ်တန်းအဆင့် ၁၀ သို့ရောက်ရှိလာ နိုင်ကြောင်း Deloitte Touche Tohm-astu   ကပြောပါတယ်။ အရှေ့တောင် အာရှဒေသက ကမ္ဘာပေါ်တွင် ယှဉ် ပြိုင်နိုင်မှုရှိသောကုန်ထုတ်လုပ်မှု အဆင့် အမြင့်ဆုံးဖြစ်ပြီးလာမဲ့ငါးနှစ်အတွင်း ဤ အတိုင်း ဆက်လက်တည်မြဲနိုင်ကြောင်း ထိုင်းနေရှင်နယ်သတင်းဌာန က ပြောပါ တယ်။

စင်ကာပူ၊ ထိုင်း၊ မလေးရှားနဲ့ ဗီ ယက်နမ်တို့လို အရှေ့တောင်အာရှနိုင်ငံ တွေကကမ္ဘာ့ထိပ်တန်း ၂၀ စာရင်းမှာပါ ဝင်နေတာကို ၂၀၁၃ ခုနှစ် ကမ္ဘာ့ကုန် ထုတ်လုပ်မှုယှဉ်ပြိုင်နိုင်မှုအညွှန်းကိန်း မှာတွေ့ရကြောင်း Deloitte Southeast Asia    ဌာနရဲ့ ဦးစီးမှူး နူအာလှိုင် ကစ်တီဆရီဆွမ်ဘွမ်းက ပြောပါတယ်။ ဒီနိုင်ငံတွေ အထူးသဖြင့် အင်ဒိုနီး ရှားနဲ့ဗီယက်နမ်ကလာမဲ့ငါးနှစ်အတွင်း အဆင့်ပိုမြင့်လာနိုင် သို့မဟုတ်ဒီအဆင့် ကိုဆက်လက်တည်ရှိနေနိုင်ပါတယ်။ ယခုနှစ်မှာအဆင့် ၁၇ မှာရှိနေတဲ့ အင်ဒိုနီးရှားကအဆင့် ၁၁ ကိုရောက် လာပြီး အိန္ဒိယကယခုလက်ရှိအဆင့် လေးကနေ အဆင့် ၂ နေရာကိုရောက် လာနိုင်ပါတယ်။ တရုတ်နဲ့အိန္ဒိယ နိုင်ငံ တွေက ကုန်ပစ္စည်းထုတ်လုပ်ရာမှာ အဓိကကျတဲ့ နိုင်ငံတွေဖြစ်နေပေမဲ့ ထုတ်လုပ်သူတွေကဖြန့်ဖြူးရေးအတွက် ပါ အဆင်ပြေတဲ့ ဈေးကွက်ငယ်တွေဆီ ကို ပြောင်းလာနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ နဲ့ ဂျပန်တို့လို ၂၀ ရာစုတုန်းက ကုန် ထုတ်လုပ်မှုဌာနကြီးတွေကတရုတ်၊ အိန္ဒိ ယ၊ ဘရာဇီးတို့လို ထွန်းသစ်စနိုင်ငံ တွေ ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် စိန်ခေါ် မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။