Main menu

Background

ဗြိတိန်အိမ်ထောင်စု သန်းပေါင်းများစွာ ဝင်ငွေထွက်ငွေမျှဖို့ အလူးအလဲ ရုန်းကန်နေရ

Wed, 12/12/2012 - 06:32 -- Anonymous (not verified)

ဗြိတိန်နိုင်ငံရှိ မိသားစုသန်းပေါင်း များစွာကဝင်ငွေနဲ့ထွက်ငွေညီမျှအောင် အလူးအလဲ ရုန်းကန်နေရကြောင်း စား သုံးသူသုတေသနအဖွဲ့အစည်းတစ်ခုရဲ့ အစီရင်ခံစာကိုရည်ညွှန်းပြီး P.T.I သတင်းမှာ ဖော်ပြထားပါတယ်။ မိသားစု စုစုပေါင်းရဲ့ ၁၀ ရာခိုင် နှုန်းက ချေးငွေများ၊ ဘီလ်များသို့မဟုတ် အိမ်ငှားခများကို ပေးဆောင်ရန် ပျက် ကွက်နေကြောင်းအောက်တိုဘာလက လူပေါင်း ၂၁၀၀ ကိုပြုလုပ်ခဲ့တဲ့သဘော ထားစစ်တမ်းကို အခြေခံပြီးသုတေသန အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဝင်ငွေနဲ့ လုံလုံလောက်လောက် သုံးစွဲဖို့ အခက်အခဲရှိနေတဲ့လို့ သူက စစ်တမ်းမှာပါဝင်သူရဲ့ ၃၂ ရာခိုင်နှုန်း ရှိတယ်လို့စားသုံးသူအဖွဲ့ Whichက ပြောပါတယ်။

အိမ်ထောင်စုစုပေါင်း ၂ ဒသမ ၃ သန်းကချေးငွေ၊ ဘီလ် သို့မဟုတ် အိမ် ငှားခစတာတွေပေးချေဖို့ ပျက်ကွက်နေ ပါတယ်။ သာမန်စားသောက်ဆိုင်အ တွင်း အခွင့်မရှိဘဲ ဘဏ်ငွေပိုထုတ်သူ သို့မဟုတ်လစာ ထုတ်ရက်မှာပဲ ပြန်ချေး ရတဲ့သူက ၁ ဒသမ ၅ သန်းရှိတယ်လို့ BBC ကအစီရင်ခံပါတယ်။ စီးပွားရေးဆိုးသွမ်းမှုသံသရာမှာ ချောင်ပိတ်မိနေသူတွေရှိလာတယ်လို့ သုတေသနအေဂျင်စီရဲ့ အမှုဆောင် ဒါရိုက်တာရစ်ချတ်လွိုက်ကပြောပါတယ်။ သူတို့ကုန်ကျစရိတ်တွေကိုဖြည့် ဆည်းနိုင်ဖို့အတွက် သူတို့ကငွေတွေ အများကြီးသုံးရတာ တစ်စစများလာ ကြောင်းနဲ့ကြွေးထူလာပြီးစိတ်ပူပန်နေ ရသူတွေများများလာတယ်လို့ သူက ပြောပါတယ်။ ဘတ်ဂျက်လိုငွေကိုလျှော့ချဖို့ ဆောင်ရွက်ရတာကမူလစီစဉ်ထားတာ ထက်ပိုမိုကြာမြင့်နိုင်ကြောင်း ဗြိတိသျှ ဘဏ္ဍာရေးဝန်ကြီးအော့စ်ဘန်းကအ တည်ပြုပြောကြားပြီးနောက်ပိုင်းယခု လေ့လာချက်အစီရင်ခံစာ ပေါ်လာတာ ဖြစ်ပါတယ်။