Main menu

Background

တောင်ကိုရီးယားရှိ နိုင်ငံခြား ဘဏ္ဍာရေးလုပ်ငန်းများ ဝင်ငွေ ဇောက်ထိုးကျဆင်း

Wed, 12/12/2012 - 06:34 -- Anonymous (not verified)

တောင်ကိုရီးယားမှာရှိတဲ့ နိုင်ငံခြား ဘဏ်တွေကယခုနှစ်မှာ အကျိုးအမြတ် ရောဈေးကွက်ရှယ်ယာ နှစ်ခုစလုံး တစ် ဟုန်ထိုးကျဆင်းခဲ့ကြောင်းနဲ့ နှစ်ထပ် ကွမ်းစည်းမျဉ်းပြဌာန်းမှုခံနေရတဲ့ ပြည် တွင်း ဘဏ်တွေ ကို အသားပေးတယ်လို့ ပြစ်တင်ပြောဆိုမှုတွေနဲ့အတူ တချို့လုပ် ငန်းတွေက ဖျာလိပ်ပြီး ပြည်တော်ပြန်ဖို့ စိုင်းပြင်လာတာကို တွေ့ရကြောင်း ကိုရီး ယားဟာရယ်သတင်းမှာ ဖော်ပြထား ပါ တယ်။

စတန်းဒတ်ချားတားဘဏ်ကိုရီး ယားနဲ့ စီးတီးဘဏ်တို့ရဲ့တတိယသုံးလ ပတ်အမြတ်ကပြီးခဲ့တဲ့ နှစ်ကနဲ့နှိုင်းယှဉ် ရင် ၆၄ ရာခိုင်နှုန်းကျဆင်းပြီး ဝမ် ၄၀ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၃၇ ဒသမ ၇ သန်း) နဲ့ ၇၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီ ဝမ် ၃၇ ဒသမ ၁ ဘီလီယံ သို့အသီးသီးရောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ငါးနှစ် တာလုပ်ငန်းဆောင်ရွက်ပြီးနောက်ဆိုးလ် မြို့မှာရှိတဲ့ ကုမ္ပဏီရဲ့ရုံး ကိုပိတ်ပစ်ဖို့ Goldman Sachs Asset Management  ကုမ္ပဏီက ပြီးခဲ့တဲ့လကဆုံးဖြတ် ခဲ့ပါတယ်။ ဒတ်ချ်အာမခံလုပ်ငန်းတွေ ဖြစ်တဲ့  ING Group နဲ့ ဗြိတိန်နိုင်ငံမှ Aviva Group တို့ကလည်း  ING  Life Korea နဲ့ Woori  Aviva  Life Insurance   အာမခံလုပ်ငန်းတွေရဲ့ တောင်ကိုရီးယားရှိဘဏ်လုပ်ငန်းတွေ ကိုပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ SC Bank နဲ့ Fidelity Asset Management တို့ကလည်း ပြည်တော် ပြန်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမဲ့ သက်ဆိုင်ရာကုမ္ပဏီ တွေကဒီသတင်းကိုလုံးဝငြင်းဆိုပါတယ်။ သူတို့ကုမ္ပဏီတွေ ဒုက္ခပင်လယ် ဝေရတဲ့ အကြောင်းရင်းတွေထဲမှာ ကို ရီးယားအာဏာပိုင်တွေန ဲ့သက်ဆိုင်ရာ မိခင်နိုင်ငံတွေက နှစ်ထပ်ကွမ်းကြီးကြပ် ကွပ်ကဲခြင်းနဲ့ နိုင်ငံခြား ကုမ္ပဏီတွေ ထက်ပြည်တွင်း ဘဏ်တွေကို ဦးစားပေး ခြင်းစသည့်အချက်တို့  ပါဝင်ပါတယ်။ နိုင်ငံခြားဘဏ်များ၊ အာမခံကုမ္ပ ဏီများနဲ့ စာချုပ်စာတမ်းရောင်းဝယ် ရေးကုမ္ပဏီများရဲ့ ဈေးကွက်ရှယ်ယာ ယခုနှစ်တွင်ကျဆင်းခဲ့ပါတယ်။ အသက်အာမခံ မဟုတ်တဲ့ နိုင်ငံ ခြား ကုမ္ပဏီ ၁၅ ခုရဲ့ စုစုပေါင်းဈေး ကွက်ရှယ်ယာကလည်း ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂ ဒသမ ၂ ရာခိုင်နှုန်း ပထမသုံးလပတ်ကနဲ့ နှိုင်းယှဉ်ရင် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။