ကုန်သွယ်မှုနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့တောင်ကိုရီးယားနိုင်ငံ တွေက နှစ်နိုင်ငံကုန်သွယ်မှုမှာ ယွမ်နဲ့ ဝမ်အသုံးပြုမှုကိုမြှင့်တင်ပြီးဒေါ်လာ ၅၉ ဘီလီယံဖိုး အထိ ဆောင်ရွက်ဖို့သဘောတူခဲ့ကြောင်း ဆိုးလ်မြို့က တောင်ကိုရီးယား ဘဏ္ဍာ ရေးဝန်ကြီးဌာနနဲ့ တောင်ကိုရီးယား ဗဟိုဘဏ်တို့ရဲ့ ပြောကြားချက်ကို ကိုးကား ပြီး ရိုက်တာသတင်းမှာ ဒီဇင်ဘာ ၄ ရက်က ဖော်ပြခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ သတ္တမမြောက် အကြီးဆုံးပို့ကုန်နိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေက ကုန်သွယ်မှုဘီလ်တွေကို ငွေပေးချေနိုင်ဖို့အတွက် ယခုနှစ်ကုန် ပိုင်းကစပြီးဘဏ်တွေက တစ်ဆင့်ယွမ်ငွေနဲ့ ဝမ်ငွေကြေးတွေကို ကုန်သွယ်မှု လုပ်ငန်းတွေအတွက် စတင်ပြီး ငွေထုတ်ချေးပေးမှာဖြစ်ကြောင်း မဟာဗျူဟာနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကိုရီးယားဗဟိုဘဏ်တို့ရဲ့ ပူးတွဲကြေညာချက်မှာဖော် ပြထားပါတယ်။ "၂၀၀၈-၂၀၀၉ ခုနှစ်ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလပြီးဆုံးချိန် ကစပြီးပြည်တွင်းငွေကြေးတွေနဲ့ ကုန်သွယ်မှုငွေပေးငွေယူရှင်းတမ်းကိုပေးချေ တာကကမ္ဘာ့အလားအလာတစ်ခုလိုဖြစ်ခဲ့ပါတယ်။ ဒီသဘောတ ူစာချုပ်ကို အ ကောင်အထည်ဖော်ပြီးတဲ့နောက်ပိုင်းမှာ တခြားနိုင်ငံတွေနဲ့လည်း အလားတူ သဘောတူစာချုပ်မျိုးတွေကို ဆောင်ရွက်သွားမှာပါ" လို့ တောင်ကိုရီးယား ဗဟိုဘဏ်အပြည်ပြည်ဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အွန်ဟိုဆန်းက ပြောပါတယ်။ ဒီသဘောတူစာချုပ်က တရုတ်နိုင်ငံနဲ့နှစ်နှစ်လောက်ဆွေးနွေးညှိနှိုင်း ပြီးမှ ရရှိလာတဲ့ရလဒ်ဖြစ်ကြောင်းနဲ့ တောင်ကိုရီးယားဘက်ကဝမ်ငွေကြေး တန်ဖိုး မတည်ငြိမ်တာကိုထိန်းသိမ်းဖို့ မလိုတော့ကြောင်းဗဟိုဘဏ်မှအခြား အရာရှိ တစ်ဦးက ပြောပါတယ်။ ဖလှယ်ဖို့သဘောတူထားတဲ့ပမာ ဏကဝမ် ၆၄ ထရီလီယံ (ဒေါ်လာ ၅၉ ဒသမ ၀၉ ဘီလီယံ) သို့မဟုတ် ယွမ် ဘီလီယံ ၃၆၀ ဖိုးရှိပါတယ်။