Main menu

Background

ထိုင်းငွေကြေးဖေါင်းပွမှု နိုဝင်ဘာတွင်ကျဆင်း

Wed, 12/12/2012 - 06:42 -- Anonymous (not verified)

ထိုင်းနိုင်ငံမှာ  ကောက်ရိတ်သိမ်း ရာသီဖြစ်တဲ့အတွက် အထူးသဖြင့် ဟင်းသီးဟင်းရွက်နဲ့သစ်သီးအပါအဝင် အစားအစာဈေးနှုန်းတွေနဲ့ ကျဆင်းခြင်း နှင့် စွမ်းအင်အတွက် ထောက်ပံ့ကြေး ပေးခြင်းစတဲ့ အချက်တို့ကြောင့် နိုဝင် ဘာလမှာ ငွေကြေးဖေါင်းပွမှုတွေ ဒုတိယမြောက်အဖြစ် ကျဆင်းကြောင်း ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြထား ပါတယ်။

ထိုင်း စားသုံးသူဈေးနှုန်းက စက် တင်ဘာမှာ ၃ ဒသမ ၃၈ ရာခိုင်နှုန်းနဲ့ အောက်တိုဘာမှာ ၃ ဒသမ ၃၂ ရာခိုင် နှုန်းရှိရာမှ နိုဝင်ဘာမှာ ၂ ဒသမ ၇၄ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလအတွင်း ဈေးနှုန်း မြင့်တက်ခဲ့တာတွေက အစား အစာ မဟုတ်တဲ့ ထုတ်ကုန်တွေဖြစ်ပြီး နှစ်အလိုက် နှိုင်းယှဉ်ရင် ၃ ဒသမ ၂၇ ရာခိုင်နှုန်းရှိပါတယ်။အစားအစာနဲ့အချို ရည်ဈေးတွေက နှစ်အလိုက် နှိုင်းယှဉ် ရင် ၁ ဒသမ ၉၂ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ထိုင်းဗဟိုဘဏ်က အောက်တို ဘာလမှာ မမျှော်လင့်ဘဲ အတိုးနှုန်း တွေလျှော့ချခဲ့ပြီး နောက်ပိုင်းအတိုးနှုန်း တွေကို ပုံမှန်အတိုင်းထားဖို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဓိ က အကြောင်းရင်းက ပြည်တွင်း ဝယ် လိုအား မြင့်တက်လာတာနဲ့ ကမ္ဘာ့ စီး ပွားရေး တိုးတက်လာတဲ့အတွက်ဖြစ်ပါ တယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးဈေး နှုန်းတွေ ကျဆင်းတဲ့အတွက် အစား အစာနဲ့ အဖျော်ယမကာ ဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ယခင် လကနဲ့ နှိုင်းယှဉ်ရင် နိုဝင်ဘာလမှာ စားသုံးသူတွေရဲ့ ဈေးနှုန်းတွေက သုည ဒသမ ၃၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ယခုနှစ်ပထမ ၁၁ လမှာ အစား အစာနဲ့အဖျော်ယမကာ၊ ရေ၊ လျှပ်စစ် စွမ်းအားနဲ့သယ်ယူပို့ဆောင်ရေးအသုံး စရိတ်တွေမြင့်တက်တဲ့အတွက် ငွေ ကြေးဖောင်းပွမှုနှုန်းက ၂ ဒသမ ၉၆ ရာခိုင်နှုန်းရှိပါတယ်။ တစ်နှစ်လုံးအတွက် ပျမ်းမျှငွေ ကြေး ဖောင်းပွမှုနှုန်းမှာ မူလခန့်မှန်း ထားသည့်အတိုင်း ၃ ရာခိုင်နှုန်း ဝန်း ကျင်မှာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။