၂၀၁၁-၁၂ ဈေးကွက်နှစ်အတွင်း အိန္ဒိယ၏ ဆန်တင်ပို့မှု ၁၀ ဒသမ ၄ သန်းထိ စံချိန်ရောက်ရှိခဲ့

၂၀၁၂  ခုနှစ် စက်တင်ဘာလအတွင်းက အိန္ဒိယရဲ့ ဆန် တင်ပို့မှုအားကောင်းခဲ့ရာ ၂၀၁၁-၂၀၁၂ ဈေးကွက်နှစ် (၂၀၁၁ အောက်တိုဘာမှ ၂၀၁၂ စက်တင်ဘာလ)အထိ အိန္ဒိယရဲ့ ဆန်တင်ပို့မှုဟာ တန်ချိန် ၁၀ ဒသမ ၄ သန်းအထိ စံချိန်တင် ရောက်ရှိခဲ့တယ်လို့ အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန (USDA) အိန္ဒိယ တာဝန်ခံက အစီရင်ခံထားတယ်။

စက်တင်ဘာတစ်လတည်း အတွင်းမှာပဲ ဆန်တန်ချိန် ၆၇၆၀၀၀ တင်ပို့နိုင်ခဲ့ကြောင်း၊ ဈေးနှုန်းယှဉ် ပြိုင်နိုင်စွမ်း မြင့်မား ခြင်းကြောင့် ပြည်ပမှ ဝယ်လိုအားမြင့်မားခဲ့ကြောင်း  USDA တာဝန်ခံက ပြောကြားတယ်။ Source:orgza.com,yပပ