ထိုင်းအစိုးရ၏ ဆန်ဈေးကွက်ဝင်ရောက်စွက်ဖက်မှု အစီအစဉ် အဆုံးသတ်သည့် ကာလအထိ ထိုင်းဆန်ဈေး ဆက်လက်မြင့်မားနေဦးမည်

ထိုင်းနိုင်ငံဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ကာလအတွင်း ဆန်တန်ချိန် ၆ ဒသမ ၁၇ သန်း တင်ပို့ခဲ့ရာ ယခင်နှစ်အလားတူကာလက တင်ပို့မှုနဲ့ ယှဉ်ရင် ၃၅ ရာခိုင်နှုန်း ဝန်းကျင်ကျဆင်းခဲ့တယ်လို့ ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ပကုန်သွယ်ရေးဌာနက ပြော ကြားခဲ့တယ်။

၂၀၁၁ ခုနှစ်အတွင်းက ထိုင်းနိုင်ငံဟာ ဆန်တန်ချိန် ၁၀ ဒသမ ၇သန်းအထိ စံချိန်တင်တင်ပို့နိုင်ခဲ့တယ်။ ယခုနှစ် ဆန်တင်ပို့မှု ၃၅ ရာခိုင်နှုန်းဝန်းကျင်ကျဆင်းရခြင်းမှာ အစိုးရရဲ့ ဆန်ဈေးကွက်ဝင်ရောက်စွက်ဖက်မှု အစီအစဉ်ကြောင့် ထိုင်း ဆန်ဖြူဈေးနှုန်းများဟာ နိုင်ငံတကာဆန်ဈေးနှုန်းများ အကြား အမြင့်ဆုံးနှုန်း ဖြစ်လာခဲ့ပြီး ပြည်ပမှ ဝယ်လိုအား ကျဆင်းကာ ဆန်တင်ပို့မှုလည်းကျဆင်းခဲ့ရတယ်။ ထိုင်းအစိုးရလက်ရှိဆောင်ရွက်နေတဲ့ ဆန်ဈေးကွက် ဝင် ရောက်စွက်ဖက်မှု အစီအစဉ်ဟာလည်း ၂၀၁၃ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ရာ၎င်းင်းကာလအထိ ထိုင်းဆန်ဖြူဈေးနှုန်း ဆက်လက် မြင့်မားနေဦးမှာဖြစ်တယ်။ ယခုနှစ် ဆန်ဖြူတင်ပို့မှုကျဆင်းပေမဲ့ ဆန်မွှေးတင်ပို့မှုမှာ အစိုးရရဲ့ ရည်မှန်းချက် တန်ချိန်ကို ပြည့်မီအောင်တင်ပို့နိုင်လိမ့် မယ်လိ့ုခန့်မှန်းရတယ်။ ၂၀၁၂ ခုနှစ် ပထမ၁၀လအတွင်း ထိုင်း ဆန်မွှေး (ဟုမ္မာလီဆန်) တန်ချိန် ၁ ဒသမ ၆ သန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကြောင်း၊ အစိုးရရဲ့ တစ်နှစ်တာ ရည်မှန်းချက်မှာ တန်ချိန် ၂ သန်းဖြစ်ကြောင်း သိရတယ်။Source:orgza.com.cn,ပပ