Main menu

Background

အိန္ဒိယဈေးကွက်တော်တော်များများကို ပဲစင်းငုံအသစ် စဝင်လာပြီ၊ တောင်သူများထံမှ ပဲတိုက်ရိုက်ဝယ်ယူဖို့ ခွင့်ပြု

Wed, 12/26/2012 - 06:59 -- ydnar

အိန္ဒိယပဲထွက်ရာ ဂျယ်နာ၊ လတ္တာစတဲ့ ဈေးကွက်တွေ ကို ပဲစင်းငုံအသစ်များ စတင်ဝင်ရောက် နေပြီဖြစ်ပြီး ဒီဇင် ဘာလ နောက်ဆုံးပတ်မှာတော့ အပြည့်အ၀ ဝင်ရောက်လာ ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ဝယ်လိုအား နည်းနေပြီး ရောင်းချမှု အလုံအလောက်ရှိတာကြောင့် ပဲစင်း ငုံဈေးက အားပျော့နေပါတယ်။ အိန္ဒိယ အစိုးရ စာရင်းတွေ အရ ၁၁ နှစ်မြောက် စီမံကိန်းကာလအတွင်း နိုင်ငံရဲ့ နှစ်စဉ် ပျမ်းမျှပဲဝယ်လိုအားက တန်ချိန် ၁၈ ဒသမ ၃၁ သန်းခန့်ရှိပြီး၊ ပျမ်းမျှ ထုတ်လုပ်မှုက တန်ချိန် ၁၅ ဒသမ ၈၉ သန်းသာရှိလို့ လိုအပ်ချက် ကွာဟမှုက ၁၃ ဒသမ ၂၁ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း နှစ်စဉ်ပဲတန်ချိန် ၂ ဒသမ ၄ သန်းခန့် တင်သွင်းနေရပါတယ်။

စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၁၂ ဒီဇင်ဘာလ ၇ ရက်အထိ ဆောင်းပဲစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ နှစ်ကဟက်တာ ၁၁၇ ဒသမ ၁၁ သိန်းရှိပြီး ယခုနှစ်မှာ ဟက် တာ ၁၁၆ဒသမ ၁၁ သာစိုက်ပျိုးပြီးထားလို့ဟက်တာ ၁ သိန်း ခန့်လျော့နည်းနေသေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အင် ဒရာပရာဒေ့ရှ်မှာပဲစိုက်ဧရိယာကပြီးခဲ့တဲ့နှစ်ထက်သုည ဒသမ ၁ ရာခိုင်နှုန်း၊ ရာဂျက်စသန်မှာ စုစုပေါင်း ဆောင်းသီးနှံစိုက် ဧရိယာက ပြီးခဲ့တဲ့ နှစ်ထက် ၃ ဒသမ ၆၁ ရာခိုင်နှုန်းနီးပါး ပိုမိုနေပြီလို့ သိရပါတယ်။အင်ဒရာပရာဒေ့ရှ်အစိုးရဟာ မကြာ သေးခင်က ဆိုင်ကလုန်းနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ထိခိုက်တဲ့ သီးနှံတွေအတွက် သွင်းအားစုထောက်ပံ့မှုတွေ တိုးမြင့်ခဲ့တယ် လို့ သိရပါတယ်။ ပြည်နယ်အတွင်း မြေပဲ၊ ဝါဂွမ်း၊ ပဲမျိုးစုံ၊ နေကြာနဲ့ ပဲပုပ်တို့အတွက် သွင်းအားစုထောက်ပံ့မှုကို ယခင် ကရူပီး ၃၇၅၀ (ကန်ဒေါ်လာ ၆၉) ရှိရာမှ ရူပီး ၆၂၅၀ (ကန် ဒေါ်လာ ၁၁၅) ကို တိုးမြှင့်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဗဟိုအစိုးရက ပထမအကြိမ်အနေနဲ့ နိုင်ငံပိုင် ဘဏ္ဍာရေးသမဂ္ဂဖြစ်တဲ့ Small Farmer's Agribusiness Consortium (SFA)  အား အနိမ့်ဆုံးထောက်ပံ့ဈေး (MSP) နဲ့ တောင်သူများရဲ့ အုပ်စုထံက ပဲမျိုးစုံတိုက်ရိုက်ဝယ်ယူဖို့ ခွင့်ပြုခဲ့ပါတယ်။ SFAC ရှိတဲ့ ပြည်နယ် ၇ ခုက တောင်သူ ၁ ဒသမ ၅ သိန်းကို အကျိုးရှိစေမှာဖြစ်ပါတယ်။ ယင်း သမဂ္ဂ ဟာ တောင်သူများအတွက် ရူပီး ၂၅၀ ကုဋေ (ကန်ဒေါ်လာ ၄၆ သန်း) ကျော်နဲ့ ပဲစင်းငုံ၊ ကုလားပဲနဲ့ မတ်ပဲ အများစုပါဝင် တဲ့ ပဲမျိုးစုံတန်ချိန် ၁ သိန်းဝယ်ယူဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ အစိုးရက ကုလားပဲ MSP တစ်တန် ရူပီး ၃၀၀၀၀ (ကန်ဒေါ်လာ ၅၅၁)၊ မတ်ပဲ တစ်တန် ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၇၉၀)နဲ့ ပဲစင်းငုံတစ်တန် ရူပီး ၃၈၅၀၀ (ကန် ဒေါ်လာ ၇၀၇) နဲ့ သတ်မှတ်ထားရာ တောင်သူတွေဆီ က ဝယ်ယူပြီးရင် ပြည်နယ်အစိုးရများ၊ စစ်တပ်အဖွဲ့အစည်း များ၊ အကြီးစားပြုပြင်ကြိတ်ခွဲသူများကို လက်ကားဈေးကွက်မှာ ဈေးကွက် ရှာဖွေသွားမယ်လို့ သိရပါတယ်။ နိုင်ငံတကာဈေးကွက်အနေနဲ့ သြစတြေးလျနဲ့ ကနေဒါ ပဲအထွက်ပိုမိုတဲ့အပြင် အမေရိကန် ပဲထုတ်လုပ်မှု လည်း တိုး တက်တယ်လို့ သိရပါတယ်။ အမေရိကန် ပဲလုံးထုတ်လုပ်မှုက ပြီးခဲ့တဲ့နှစ် ထွက်ရှိမှု တန်ချိန် ၂ ဒသမ ၅၅ သိန်းထက် ၁၀၃ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၅ ဒသမ ၁၉ သိန်းရှိမယ်လို့ ခန့်မှန်းထားပြီး ပဲရာဇာထုတ်လုပ်မှုကလည်း ယခင်နှစ်ထုတ် လုပ်မှု တန်ချိန် ၂ ဒသမ ၁၄ သိန်းထက် ၁၁ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၂ ဒသမ ၃၈ သိန်းထွက်ရှိမယ်လို့ ခန့်မှန်းထားပါ တယ်။ ဒါပေမဲ့ အာဂျင်တီးနား ဆောင်းပဲလုံး စုစုပေါင်း ထုတ် လုပ်မှုမှာ လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်