Main menu

Background

ပါကစ္စတန်ဝယ်လက်အဝယ်ရှိလာလို့ ယခုတစ်ပတ်ပြည်တွင်းပဲဈေးကွက် အနည်းငယ်ပြန်မာလာ

Wed, 12/26/2012 - 07:01 -- ydnar

ယခုတစ်ပတ် ပြည်တွင်းပဲဈေးကွက်အတွင်း ပြည်ပ အဝယ် လိုက်လာလို့ မတ်ပဲ၊ ပဲတီစိမ်းဈေး အနည်းငယ်ပြန်မာလာကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ပါကစ္စတန် ဝယ်လက်များလည်း အဝယ်လိုက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နယ်စပ်မှ တစ် ဆင့် တရုတ်နိုင်ငံကို တင်ပို့မှုသွက် နေတာကြောင့် ပဲအားလုံးထဲမှာ ပဲတီစိမ်းဈေးကပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒီသတင်းပတ် နောက် ဆုံးရက်မှာတော့ ပဲစင်းငုံကိုလည်း အဝယ်တချို့ ရှိလာတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

ဈေးနှုန်းတွေအနေနဲ့ ဈေးကွက်နယ်ပယ်ကျယ်တဲ့ ပဲတီစိမ်းက ပြည်တွင်းဈေးကွက်မှာ တစ်ပတ်အတွင်းတစ်တန် ကျပ် ၅ သောင်း ခန့် ပိုလာခဲ့ပြီး ကျပ် ၇၅၀၀၀၀ အတက်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ FOB ဈေးကတော့ တစ်တန် ကန်ဒေါ်လာ ၈၃၀-၈၅၀ နဲ့ ငြိမ်နေပါတယ်။ မတ်ပဲဈေးကတော့ တစ်ပတ်အတွင်း ကျပ် တစ်သောင်းခန့်တက်လာပြီး ဒီဇင်ဘာလ ၁၄ ရက်မှာ ပြည်တွင်း ဈေး ကျပ် ၄၄၈၀၀၀ ဝန်းကျင်ရှိပြီး FOB ဈေးမှာ ကန်ဒေါ်လာ ၅၃၅-၅၅၅ ကို ပြီးခဲ့တဲ့ တစ်ပတ်ထက် ၅ ဒေါ်လာတိုး ခဲ့ပါတယ်။ အဝယ်အချို့ ရှိလာတဲ့ ပဲစင်းငုံလည်းယခုတစ်ပတ် ပြည်တွင်းဈေးက ကျပ်တစ်သောင်း ကျော်ပိုလာပြီး ကျပ် ၅၀၅၀၀၀ ရှိခဲ့ပေမဲ့ ရန်ကုန် FOB ဈေးကတော့  ကန်ဒေါ်လာ ၆၀၀-၆၂၀ ကို ပြီးခဲ့တဲ့ တစ်ပတ်ထက် ကန်ဒေါ်လာ ၂၀ ခန့် ကျဆင်းခဲ့ပါတယ်။ ယခုတစ်ပတ် ပင်လယ်ရေကြောင်း ပဲတင်ပို့မှုကတော့ ပြီးခဲ့တဲ့ တစ်ပတ် အနည်းငယ်စီ လျော့လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိ ရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ် တွေ မှာတော့ တင်ပို့မှုပမာဏ တက်လာနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ မတ်ပဲလက်ကျန်အနေနဲ့ အောက်တိုဘာလ ကုန်မှာ တန်ချိန် ၂ သိန်း အထက် ရှိမယ်လို့ ကုန်သည်တချို့ ခန့်မှန်းကြပြီး နိုဝင် ဘာလအတွင်းမှာ မတ်ပဲ တန်ချိန် ၅ သောင်းကျော် တင်ပို့နိုင်ခဲ့လို့ လက်ရှိအနေအထားနဲ့ဆိုရင် မတ်ပဲလက်ကျန်က တန်ချိန် တစ် သိန်းခွဲနဲ့ နှစ်သိန်းကြားတော့ ရှိမယ်လို့ ကုန်သည်တချို့က ခန့်မှန်း ကြပါတယ်။ ဒါပေမဲ့ ကျန်ရှိတဲ့ လက်ကျန်တွေက ကုန်သည်ကြီး တွေ လက်ထဲ မှာလောက်သာရှိတော့တာမို့ ဇန်နဝါရီလလောက်စ ပြီး၊ ကုန်သည်ကြီးတွေလက်ထဲက မတ်ပဲလက်ကျန် လျော့ကျလာ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုနှစ်အနေအထားမှာ မျှော်လင့် မထားတဲ့ ဆောင်းရာသီဝယ်လိုအား တက်လာတဲ့အတွက် မတ်ပဲ က လစဉ်တန်ချိန် ၅ သောင်း - ၆ သောင်းဝန်းကျင် တင်ပို့လာ နိုင်ခဲ့လို့ ဒီနှစ် နှစ်ကုန်လက်ကျန်က အရင်နှစ်တွေထက် လျော့နည်း နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ပဲတီစိမ်းကတော့ နယ်အသီးသီးက ဈေးကွက်တွေကိုဝင် လာတဲ့ ပဲတွေကို ရန်ကုန်အတွက် ဝယ်လက်နဲ့ တရုတ်ပို့ဖို့ ဝယ် လက်တွေအဆွဲရှိနေလို့ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါ တယ်။ ပဲစင်းငုံကတော့ လတ်တလောမှာ အရောင်းအဝယ်နည်း ပေမဲ့ ပဲဟောင်းလက်ကျန်များများ မရှိသလို ပဲအသစ်ကလည်း ဒီနှစ်အထွက်လျော့မယ်လို့ ခန့်မှန်းကြပါတယ်။ ယခု ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၇ ရက်နေ့အထိ ပဲမျိုးစုံ စုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန်၉၆၀၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၆၁၇ သန်းခန့်ရရှိထားကြောင်း သိ ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုအနေနဲ့ ပဲမျိုးစုံ တန်ချိန် ၉၈၀၀၀၀ ကျော်မှကန်ဒေါ်လာ ၈၁၁သန်းခန့် ဝင်ငွေ ရရှိ ထားရာယခုနှစ်ကာလတူမှာ ပမာဏအားဖြင့် တန်ချိန် ၂ သောင်း ခန့်သာလျော့နည်းပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၂၀၀ နီးပါးအထိ ကွာဟနေဆဲဖြစ်ကြောင်း သိရပါတယ်။ယမင်းခင်