Main menu

Background

ဒီဇင်ဘာဒုတိယပတ် မုံရွာပဲဈေးကွက် ပဲဟောင်းပဲသစ်အရောင်းအဝယ်သွက်လာ

Wed, 12/26/2012 - 07:05 -- ydnar

မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာဒုတိယပတ် ပဲဈေးကွက်မှာ လက်ကျန်နည်းလာတဲ့ပဲဟောင်းတွေ အရောင်း အဝယ်ဖြစ်ခဲ့ သလို ပဲတီစိမ်း အကြီးအသေး ပဲသစ်တွေလည်း အရောင်း အဝယ်သွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ကုလားပဲ ဈေးကွက်အနေနဲ့ ကုန်သည်လက်ဝယ် ပဲလက်ကျန်လျော့ လာ ပေမဲ့ ဒေသတွင်း လုပ်ငန်းသုံးသမားတွေ ထိန်းဝယ်ခဲ့ကြလို့ ဒီရက်ပတ်မှာ ကျဈေးအသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ V2 ကု လားပဲဟာ တစ်တင်း ၁၅၃၀၀ ကျပ်၊ ၁၅၅၀၀ ကျပ်ဈေးမှာ တန့်နေပြီး၊ တစ်ရက်အိတ် ၃၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ထိုင်ဝမ်ကုလားပဲတစ်တင်း ၁၇၀၀၀ ကျပ်၊ ၁၈၃၀၀ ကျပ်ကြားဈေးအေးသလို 929 ကတော့ တစ် တင်း ၁၆၈၀၀ ကျပ်၊ ၁၇၀၀၀ ကျပ်ဈေးမှာ အသီးသီးအေး နေခဲ့ပြီး အရောင်းအဝယ်အနေနဲ့ ၂ မျိုးပေါင်း တစ်ရက်အိတ် ၅၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ကုန်သည် ရပ်ကွက်ကဆိုပါတယ်။

ပဲတီစိမ်းဈေးကွက်အနေနဲ့ ဒီရက်ပတ်မှာ နယ်အဝင်ပုံမှန် ရှိခဲ့ပြီး၊ မန္တလေး၊ ရန်ကုန်နဲ့ ဒေသခံခွဲစက် အဝယ် ပုံမှန်ရှိခဲ့ကာ ဈေးလည်းတန်းနေတာတွေ့ရပါတယ်။ စိမ်းကြီးတစ်တင်း ၁၉၀၀၀ ကျပ်မှာ ငြိမ်နေကာ တစ်ရက်အိတ် ၆၀၀ ခန့်၊ စိမ်း သေးတစ်တင်း ၂၀၀၀၀ ကျပ်၊ ၂၁၀၀၀ ကျပ်နဲ့ တစ်ရက် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ငုံနီဈေးကွက်လည်း ဒီရက်ပတ်မှာ ဆက်လက်ငုတ်နေခဲ့ ရာ အနိမ့်ဆုံးတစ်တင်း ၁၄၆၀၀ ကျပ်ထိ လျော့ရောင်းခဲ့ကြသ လို ပုံမှန်အားဖြင့် တစ်တင်း ၁၅၂၀၀ ကျပ်၊ ၁၅၃၀၀ ကျပ် ဈေးနဲ့ တစ်ရက်အိတ် ၂၀၀ မှ ၄၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံ ပဲကြော်ဖိုအပြင် ပြည်တွင်း လုပ်ငန်းသမားတွေ အဝယ်လိုက်လာပြီး ပစ္စည်းလက်ကျန် နည်းနေတဲ့အတွက် ပဲ ကြီးဈေးဟာ ဒီရက်ပတ်မှာ ဈေးအေးခဲ့ပါတယ်။ တစ်တင်း ၃၃၅၀၀ ကျပ်နဲ့ ၃၄၀၀၀ ကျပ်ထိအမြင့်ဈေးရခဲ့ကြပြီး၊ ဝယ် လက်အားကောင်းတဲ့ရက်မှာအိတ်၃၀၀ မှ ၄၀၀ ထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဆီထွက်သီးနှံဈေးကွက်အနေနဲ့ ဒီရက်ပတ်မှာ မြေပဲလုံး ဆန် အဝယ်လိုက်လာခဲ့ပြီး တစ်တင်း ၃၁၀၀၀ ကျပ်မှ ၃၁၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့သလို နှမ်းဖြူ၊ နှမ်းညိုနဲ့ နှမ်းဝါတို့ ပစ္စည်းဝင်သလောက် အဝယ်ရှိခဲ့ရာ နှမ်းဖြူတစ်တင်း ၃၁၀၀၀ ကျပ်၊ နှမ်းညိုတစ်တင်း ၂၇၂၀၀ ကျပ်၊ နှမ်းဝါ တစ်တင်း၂၇၈၀၀ ကျပ်အသီးသီး တက်ဈေးဖြစ်ခဲ့ကြတာတွေ့ ရပါတယ်။ မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ဒုတိယပတ် ပဲဈေး ကွက်ဟာ ဆောင်းပဲအသစ်တွေ မပေါ်မီ လက်ကျန်ပဲဟောင်း တွေကို ထိန်းကျောင်းရောင်းဝယ်ရင်း၊ ဈေးအတက်အဆင်း ပေါ်တွက်ချက်ရင်း အဝယ်အရောင်းသွက်နေဆဲဖြစ်တာ တွေ့ မြင်ရပါတယ်။   ထွန်းလှိုင်-မုံရွာ