Main menu

Background

စိုက်ဧက တိုးသလို တင်သွင်းမှုလည်း မြင့်တက်နေလို့ အိန္ဒိယကုလားပဲဖြူလုံးကြီး ဈေးဆက်ပြီး အားလျော့

Wed, 12/26/2012 - 07:04 -- ydnar

အိန္ဒိယရဲ့ ကုလားပဲစိုက်ပျိုးတဲ့ ရာဂျက်စသန်၊ မဒ္ဒရာ ပရာဒေ့ရှ်နဲ့ ဂူဂျာရတ်တို့မှာ ဆောင်းစိုက်ဧရိယာ တိုးနေပြီး၊ အထွက်ပိုမိုမယ့် မျှော်လင့်ချက်တွေအပြင် ပြည်ပကတင်သွင်း မှုလည်း မြင့်တက်နေတာကြောင့် ကုလားပဲဈေးဆက်ပြီး ကျ ဆင်းနေပါတယ်။ နယူးဒေလီလက်ငင်းဈေးကွက်မှာ ကုလားပဲ ဈေးက ရူပီး ၂၁၀ (ကန်ဒေါ်လာ ၃ ဒသမ ၈၅)ကျပြီး၊ တစ် တန်ကို ရူပီး ၄၁၇၉၀(ကန်ဒေါ်လာ ၇၆၆)ဈေးရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပဲအထွက် လျော့ကျခဲ့တာကြောင့် ယခုနှစ် ကုလားပဲတင်သွင်းမှုက ပြီးခဲ့တဲ့နှစ်ထက် ပိုမိုဖွယ်ရှိနေ ပါတယ်။

အိန္ဒိယရဲ့NCDEX ကြိုပွိုင့်ဈေးကွက်မှာ ဇန်နဝါရီလ စာချုပ်ဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ရူပီး၃၉၈၀၀(ကန်ဒေါ်လာ ၇၂၉)ရှိခဲ့ပါတယ်။ ကုလားပဲ အနိမ့် ဆုံးထောက်ပံ့ဈေးကို ရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၁၃)မှ ရူပီး ၃၂၀၀၀ (ကန်ဒေါ်လာ ၅၈၆)အထိ တိုးမြင့်ခြင်းက လာ မယ့်ကာလမှာ စိုက်ပျိုးမှု တိုးတက်စေဖို့ ဦးတည်နေပါတယ်။ ဒါ့အပြင် သြစတြေးလျက ကုလားပဲတွေကို ဈေးအနိမ့်နဲ့ တင်သွင်းမှု မြင့်တက်ခြင်းကလည်း ကုန်သည်တွေအတွက် ဈေးကျမှာကို စိုးရိမ်စရာဖြစ်နေပါတယ်။ သြဂုတ်လ-စက်တင်ဘာလအတွင်း မဒ္ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်ရဲ့ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းမှု ကောင်းခြင်းက စိုက်ပျိုးမှု အလားအလာ တိုးစေပါတယ်။ အခြားပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ပဲစင်းငုံ မှာလည်း ပြည်တွင်း ဝယ် လိုအားနည်းတာကြောင့် နိုင်ငံတစ်လွှားလက်ငင်းဈေးကွက် တွေမှာ ဈေးနှုန်းအနည်း ငယ်ကျဆင်းနေတယ်လို့ Commodity  Online  သတင်းအရ သိရပါတယ်။       ယမင်းခင်