Main menu

Background

ပြည်ပဲဈေးကွက်မှာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း အခြားပဲများဈေးအပြောင်းအလဲမရှိပေမယ့် ပဲကြီးဈေး ကောင်းရနေ

Wed, 12/26/2012 - 07:08 -- ydnar

ယခု ဒီဇင်ဘာ ဒုတိယပတ်အတွင်း ပြည်ဈေးကွက်မှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံသီးနှံများမှာ ဈေး အပြောင်း အလဲသိပ်မဖြစ်ဘဲ ပဲကြီး(ကမ်းနား)ကတော့ ဈေးဆက်မြင့် လာခဲ့တာကို တွေ့ရပါတယ်။ မတ်ပဲစိုက်ရာသီ ဖြစ်သော်လည်း ပဲမျိုးဝယ်ယူမှုနည်းခဲ့ပြီး၊ မျိုးပဲတစ်တင်းကို ၁၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို လက်ကား ဈေးနှုန်းကတော့ တစ် တင်း ၁၃၅၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက် နေ့စဉ်အဝယ်ရှိခဲ့တဲ့ အတွက် တစ်ရက်အိတ် ၄၀၀ - ၅၀၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။

ပဲတီစိမ်းသီးနှံမှာ ပန်းတောင်းနဲ့ ကံမမြို့ နယ်များမှ ဆက်တိုက်ဝင်ရောက်ခဲ့ပြီး၊ အိတ် ၄၀၀ မှ ၆၀၀ ကျော်အထိအဝင်ရှိပါတယ်။မန္တလေးဝယ်လက်ကလည်း အဝင် ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း မန္တလေးကို တစ်ရက်အိတ် ၆၀၀ ကျော်နေ့စဉ် တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံဈေးကတော့ ဈေးငြိမ်နေပြီး၊ အရောင်းအဝယ် ဖြစ်မှုလည်းအေးခဲ့ကာ တစ်တင်း ၁၅၅၀၀ ကျပ်ဈေး သာရှိ တာကို တွေ့ရပါတယ်။ ကုလားပဲဈေးမှာလဲ ယခင်တစ်ပတ်က ဈေးအတိုင်း တစ်တင်း ၁၈၅၀၀ ကျပ်နဲ့သာ ဈေးငြိမ်နေပြီး၊ ခွဲစက်သမား ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ် ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ မျိုးသမားလည်း အဝယ် ရှိပြီး၊ တစ်တင်း ၂၀၀၀၀ ကျပ်ခန့် အရည်အသွေးကောင်းတဲ့ ပဲများကို ရွေးချယ် ဝယ်ယူကြကြောင်း သိရပါတယ်။ ပဲကြီး ကတော့ ပြည်ပဲဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိပြီး၊ ပဲကြီး(ကမ်းနား)က ယခင်အပတ်ကထက် ဈေးပိုမြင့်လာခဲ့ကာ တစ်တင်း ၃၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်သလို ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၃၂၀၀၀ ကျပ်နဲ့ ယခင်အပတ်အတိုင်း ဈေးငြိမ်နေခ ဲ့ပါတယ်။ ပဲလှော်ဖိုသမားများသာ အဝယ်ရှိပြီး၊ ပဲကြီး(ကမ်းနား)မှာ ဈေးပိုရသလို အရောင်းအဝယ်လဲ ပိုဖြစ်ခဲ့ ကြောင်း သိရပါတယ်။              ခင်ဆွေဝင်း - ပြည်