Main menu

Background

ဈေးကောင်းရလာတဲ့ ပြည်(ကမ်းနား)ပဲကြီး

Wed, 12/26/2012 - 07:15 -- ydnar

ဒီဇင်ဘာလဆန်းမှစပြီး၊ ပြည်ပဲဈေးကွက်အတွင်းမှာ ပဲကြီးဈေးနှုန်းများ ဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးသီးနှံမှာ ဈေးကွက်အတွင်း ပဲလက်ကျန် နည်းလာသလို ပဲအဝင်လည်းမရှိဘဲ ဒေသတွင်းခွဲစက်သမားများ ပုံမှန်အဝယ်ရှိတာ ကြောင့် တစ်ရက်အိတ် ၂၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း ပဲကြီး(ရွှေကျွန်း)မှာ ယခင်အပတ်ကအတိုင်း ဈေးအမြင့်နဲ့ ဈေးငြိမ်နေသော် လည်း ပဲကြီး(ကမ်းနား)ကတော့ ယခုတစ်ပတ်မှာ ဈေးပိုရတဲ့အတွက် တစ်တင်း ၃၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးရွှေကျွန်း ကတော့ တစ်တင်း ၃၂၀၀၀ ကျပ်နဲ့ ဈေးငြိမ်လျက်ရှိကြောင်း သိရပါတယ်။       ခင်ဆွေဝင်း-ပြည်