Main menu

Background

အိန္ဒိယ ပဲစင်းငုံထွက်နှုန်း ကောင်းမွန်မည်ဖြစ်၍ ပဲစင်းငုံဈေးနှုန်းများ ကျဆင်းနိုင်

Wed, 12/26/2012 - 07:17 -- ydnar

အိန္ဒိယနိုင်ငံရှိပဲစင်းငုံစိုက်ပျိုးတဲ့ ပြည်နယ်တွေမှာ မိုးပုံမှန်ရရှိမှုကြောင့် ယခုနှစ် ပဲစင်းငုံအထွက်နှုန်းဟာ ယခင်နှစ်ကထက် ကောင်းမွန်လိမ့်မယ်လိ့ု ကာနာတာကာ ပြည်နယ်ရှိ Bangalore မြို့စားနပ်ရိက္ခာသီးနှံနဲ့ ပဲမျိုးစုံ လက်ကားရောင်းဝယ်ရေး အသင်း ဥက္ကဋ္ဌ  Ramesh Chandra Lahoti က ပြောကြားတယ်။

ကာနာတာကာပြည်နယ်၊ မဟာရတ်ချရာပြည်နယ်နဲ့ အန်ဒရာပရာဒေရှ် ပြည်နယ်တို့မှာ ပဲစင်းငုံထွက်နှုန်း ကောင်းမွန်မှာဖြစ်ပြီး လာမယ့် ၂၀၁၃ ဖေဖော် ဝါရီလလယ်ပိုင်းမှာ ပဲစင်းငုံဈေးနှုန်း ၂၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းနိုင် ကြောင်း၊ မုတ်သုန်မိုးနောက်ကျခဲ့ခြင်းဟာလည်း ပဲစင်းငုံစိုက်ပျိုးမှုအတွက် ပိုမိုအထောက်အကူ ပြုခဲ့ကြောင်း၊ ကာနာတာကာပြည်နယ်မှ ပဲစင်းငုံတွေဟာ သီတင်းတစ်ပတ်ကာလ အတွင်း ဈေးကွက်သို့ ဝင်ရောက်လာနိုင်ပေမယ့် မဟာရတ်ချ်ထရာပြည်နယ်နဲ့ အန် ဒရာပရာဒေ့ရှ်ပြည်နယ်မှ ပဲစင်းငုံများဟာ ဇန်နဝါရီလမှသာ ဈေးကွက်အတွင်း ဝင် ရောက်လာနိုင်ကြောင်း၊Bangalore လက်ကားပဲဈေးကွက်ရှိ  ပဲစင်းငုံဈေးနှုန်းမှာ တစ်ကွမ်တယ်လ်ကို ရူပီး ၆၀၀၀-၆၅၀၀ (တစ်တန်ကို ကန်ဒေါ်လာ ၁၁၀၇-၁၁၉၉ ဝန်းကျင်)မှာရှိသော်လည်းယခုလအတွင်း တစ်ကွမ်တယ်ကိုရူပီး ၄၄၀၀-၄၅၀၀ ဝန်း ကျင် (တစ်တန်ကို ကန်ဒေါ်လာ ၈၁၂-၈၃၀ ဝန်းကျင်)အထိကျဆင်း လာနိုင် ကြောင်း၊ဇန်နဝါရီလမှာ တစ်ကွမ်တယ်ကို ရူပီး ၄၇၀၀-၅၂၀၀ (တစ်တန်ကို ကန်ဒေါ် လာ ၈၆၇-၉၆၀ ဝန်းကျင်)အကြား၊ ဖေဖော်ဝါရီလမှာ ရူပီး ၄၈၀၀-၄၉၀၀ (တစ်တန် ကို ကန်ဒေါ်လာ ၈၈၆-၉၀၄ ဝန်းကျင်) နဲ့ မတ်လမှာ ရူပီး ၄၅၀၀-၅၀၀၀ (တစ်တန် ကို ကန်ဒေါ်လာ ၈၃၀-၉၂၃ ဝန်းကျင်) နှုန်းထားတွေမှာ ရှိနေနိုင်တယ်လို့ Mr Ramesh Chandra Lahoti က ခန့်မှန်းထားတယ်။ မွန်ဘိုင်းပဲမျိုးစုံဈေးကွက်အတွင်း မြန်မာပဲစင်းငုံဈေးနှုန်းမှာ တစ်ကွမ်တယ်ကို ၃၆၂၅-၃၆၅၀ ရူပီး (တစ်တန် ကို ကန်ဒေါ်လာ ၆၆၉-၆၇၄ ဝန်းကျင်) နဲ့ အရောင်း အဝယ်ဖြစ်နေတယ်။ ကိုးလ်ကတ္တားပဲဈေးကွက်မှာတော့ မြန်မာပဲစင်းငုံနီကို အဝယ် လိုက်နေသဖြင့် တစ်ကွမ်တယ်ကိုရူပီး ၃၈၀၀(တစ်တန်ကိုကန်ဒေါ်လာ ၇၀၁ ဝန်း ကျင်) နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ မြန်မာပဲစင်း ငုံနီအသစ်တင်ပို့မှု ဈေးနှုန်း (FOB နှုန်း) မှာ တစ်တန်ကို ၆၂၀-၆၄၀ ဒေါ်လာဖြစ်ပြီး၊ ပဲစင်းငုံအဖြူနဲ့ ဖြူနီတို့မှာ တစ်တန်ကို ၄၈၀-၅၀၀ ဒေါ်လာနှုန်းထား မှာရှိနေ ကြောင်းသိရတယ်။ ပဲစင်းငုံအနီ (အဟောင်း)မှာတော့ တစ်တန်ကို ၅၉၀-၆၁၀ နှုန်းထားနဲ့ တင်ပို့ခွင့်ပြုခဲ့ တယ်။Source:the hindubusinessline.com,moneycontrol.com,yangon commodity exchange.com,ပပ