Main menu

Background

ချင်းသစ်များ အဝင်လှိုင်ပြီ

Wed, 12/26/2012 - 07:21 -- ydnar

ချင်းအသစ်က အခုချိန်မှာ အဝင်လှိုင်နေပါတယ်။ တစ်ရက်ကို ပိဿာချိန် သောင်းချီအဝင်ရှိနေပါတယ်။ အဝင်ရှိသလောက်လည်း ပြန်ရောင်းနေရတယ်လို့ သိရပါတယ်။ ဥမတွေကတော့ ကုန်သလောက်ဖြစ်နေပါပြီ။ ချင်းထိုးသမားတွေနဲ့ နေကြာစေ့ဖိုတွေကလည်း ချင်းတက်ကို ပိုပြီးဝယ်ယူလာကြတယ်လို့လည်း သိရ ပါတယ်။ ဟိုပုံးချင်းက အဝင်မရှိသေးတာကြောင့် အောင်ပန်းချင်းကိုသာ ဝယ် လက်တွေကအဓိကထားပြီး ဝယ်ယူနေကြ တယ်လို့လည်းသိရပါတယ်။ ပင်းတယ၊ ဟဲဟိုး၊ တီကျစ်၊ ကလောစတဲ့ ဒေသတစ်ဝိုက်ကပါဝင်လာတာကြောင့် အောင်ပန်း ဈေးကွက်မှာ ချင်းကိုပြည်တွင်းသုံး၊ ဒေသသုံးအတွက် လက်လီ၊ လက်ကားရောင်း ဝယ်ဖောက်ကားတဲ့ ဈေးကွက်ကြီးဖြစ်ပါတယ်။

ဒီတစ်ပတ်ချင်းဈေးကတော့ တစ်ပိဿာ ၂၅၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိပါတယ်။ သိပ်မလှတဲ့ ပယ်ချင်းတွေ ကိုတော့ ချင်းခြောက်လုပ်ဖို့အတွက် ဝယ်နေကြတယ် လု့ိလည်းသိရပါတယ်။ ချင်းခြောက်ကတော့ လက်ကျန် တွေကိုသာရောင်းနေရပြီး တစ်ပိဿာကို ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကလည်း ယခု လပိုင်းမှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဧဧခိုင်-တောင်ကြီး