Main menu

Background

နနွင်း ၆၅ တန်နီးပါး တင်ပို့

Wed, 12/26/2012 - 07:23 -- ydnar

ဒီဇင်ဘာပထမပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်နေ့တာကာလအတွင်း နနွင်း ၆၄ ဒသမ ၅ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက မလေးရှားနိုင်ငံကို ၁၅ တန်နဲ့ အိန္ဒိယနိုင်ငံကို ၄၉ ဒသမ ၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုက တန်ချိန်တစ်ရာ့ နှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တန်ချိန်ခြောက်ဆယ်ကျော် လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB  ဈေးက တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ခြောက်ရာကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။                                                   MIRT (DOT)