Main menu

Background

ပြည်တွင်းဈေးကွက်သာ အရောင်းအဝယ်ရှိလို့ တောင်သူတို့ နနွင်းဖော်ဖို့ စဉ်းစားနေ

Wed, 12/26/2012 - 07:28 -- ydnar

ဒီတစ်လမှာ ရှမ်းနနွင်းက အနည်းငယ်တော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒီဘက်နှစ်တွေမှာတော့ ပြည်ပတင်ပို့မှုမရှိဘဲ၊ ပြည်တွင်းသုံးအတွက် ဟင်းခတ်အမွှေးအကြိုင်ရယ်၊ ခြင်ဆေးခွေပြုလုပ်ဖို့ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက်သာ ဝယ်ယူမှုရှိတာ ကြောင့် အနည်းအကျဉ်းလောက်သာ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ လက်ကျန်နနွင်းတွေကလည်း အတော်များများ ကျန်နေ သေးတာကြောင့် ဒီနှစ်နနွင်းကိုလည်း ဖော်ချင်မှ ဖော်တော့မယ်လို့လည်း နနွင်းစိုက်တောင်သူတွေထံက သိရပါတယ်။

အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်နနွင်းပေါက်ဈေးက ရိုးရိုးနနွင်း တစ်ပိဿာ ၆၀၀ ကျပ်မှ ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင် တောင်နနွင်းကတစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလ ၁ ရက်မှ ၁၃ ရက်ထိ နနွင်းပိဿာချိန် ၁၅၀၀၀ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။                   ဧဧခိုင်-တောင်ကြီး