Main menu

Background

ဈေးကွက်များမှ ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းများ

Wed, 12/26/2012 - 07:41 -- ydnar

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။  ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းများက ပြောင်းလဲမှု မရှိပေမဲ့ ပြင်ပဆိုင်များရဲ့ ဓာတ်ဆီဈေး ကမြင့်နေဆဲဖြစ်ပါတယ်။ မြင့်တယ်ဆိုပေမဲ့ ယခင်တစ်ပတ်ဈေးထက် နှစ်ရာဝန်းကျင် ဈေးကျလာပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ ၈၀၃ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီ ၄၉၀၀-၅၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းမှာ အပြောင်းအလဲ မရှိဘူးလို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များ မှာတော့ ဓာတ်ဆီဈေးက ယခင်တစ် ပတ်ဈေးထက် အနည်းငယ်ကျလာတယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်း ချနေပြီး ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၄၂၀၀-၄၄၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀- ၃၇၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးက ယခင်တစ်ပတ်ဈေးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ အောက်တိန်းနဲ့ ဒီဇယ်ဈေးက မပြောင်းလဲပေမဲ့ ဓာတ်ဆီက ငါးရာကျပ်ဈေးမြင့် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးက ဓာတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၈၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်တို့နဲ့ ရောင်းချပါတယ်။ ပြင်ပဆိုင်ဈေးမှာ ဓာတ်ဆီ ၄၅၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်ဈေး တို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။      MIRT-DOTနယ်စပ်မှ ဓာတ်ဆီရော ဒီဇယ်ပါ အသွင်းပိုနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာလဒုတိယပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၅၉၂ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၁၆၃၉၄၈ ဂါလန်ကို တင်သွင်းနိုင်ခဲ့ပါ တယ်။ မြန်မာ-တရုတ်နယ်စပ်မှ ၁၉၁၈၈ ဂါလန်နဲ့ မြန်မာ-ထိုင်းနယ်စပ်မှ ၁၄၄၇၆၀ ဂါလန်တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၁၄၇၃၁၆ ဂါလန် ပိုမိုတင်သွင်း ခဲ့ပါတယ်။ ဒီဇယ်ဆီတင်သွင်းမှုအပိုင်းမှာတော့  မြန်မာ-ထိုင်းနယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၉၇၇ သန်းဖိုးကို တင်သွင်းနိုင်ခဲ့ပါတယ်။ တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ၇၀၇၂၂ ဂါလန်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  ၁၉၆၈၇၅ ဂါလန် တင်သွင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဓာတ်ဆီရော ဒီဇယ်ဆီပါ ပိုမိုတင်သွင်းနိုင်တာတွေ့ရပါတယ်။                     ခင်မိုးသူ