Main menu

Background

အတက်အကျများရှိနေတဲ့ မြန်မာ့ရွှေဈေးကွက်

Wed, 12/26/2012 - 07:42 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေဈေးကွက်ဟာ အတက်အကျများဖြင့်သာ ရှိနေကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မြန်မာ့ရွှေဈေးကွက်သည် တန်ဆောင်တိုင်ပွဲတော်ကာလ  အပြီးတွင် အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် အေးစက်ခဲ့သော်လည်း ဒီဇင်ဘာလလယ်ပိုင်းတွင်မူ အတက်အကျ အနည်းငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်ကို တွေ့ရ သည်။

ကမ္ဘာ့ရွှေဈေးကွက်သည်လည်း ယခုတစ်ပတ်အတွင်း အမြင့်ဆုံး ၁၇၁၁ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းခဲ့ရာ ၁၆၉၈ ဒေါ်လာအထိကျဆင်း ခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက တရုတ်ဝယ်လက်များ၏ အဝယ်နှေးနေ ခဲ့မှုကြောင့် မြန်မာ့ရွှေဈေးကွက်သည် အေးစက်နေခဲ့သော်လည်း ယခုတစ်ပတ် တွင်မူ အတက်အကျများရှိခဲ့သည်။"ဒီတစ်ပတ်မှာ မြန်မာ့ရွှေက ဈေးမငြိမ်ဘူးလို့ပြောရမယ်။ ဒါကလည်း  နယ် စပ်မှာ တရုတ်ဝယ်လက်တွေက ပုံမှန်မဝယ်ကြတော့ ဈေးကမငြိမ်ဘူးလို့ ပြောရမယ်။ နောက်ပြီး နယ်စပ်တွေမှာ အဖမ်းအဆီးတွေရှိနေလို့ ကုန်သည်တွေက အဲဒါကို ရှောင်နေကြတယ်။ ဒါကြောင့်လည်း ရွှေဈေးက ထင်သလို တက်မလာတာလို့ ဆိုရမယ်"ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။မြန်မာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၀ ရက်က ကျပ် ၇၆၇၈၀၀ ရှိခဲ့ရာ ဒီဇင် ဘာ ၁၂ ရက်တွင် ကျပ် ၇၆၉၅၀၀ သို့မြင့်တက်လာခဲ့သည်။ သို့သော် ဒီဇင်ဘာ ၁၄ ရက်တွင် ကျပ် ၇၆၇၈၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်ကို တွေ့ရသည်။မယ်သီတာ