Main menu

Background

ဒီတစ်ပတ်ဘိလပ်မြေအဝင်နည်း

Wed, 12/26/2012 - 09:13 -- ydnar

သီတင်းပတ်တစ်ပတ်ဖြစ်တဲ့  ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၃၆၁၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနီးပါးဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်း ခဲ့ပါတယ်။ ဘိလပ်မြေတင် သွင်းမှုမှာ ယခင်တစ်ပတ်မှာလည်း တန်ချိန် သုံးထောင့်ခုနစ်ရာ သာတင်သွင်း ခဲ့ပြီး ဒီတစ်ပတ်မှာလည်း တန်ချိန်သုံးထောင့်ခြောက်ရာကျော်သာ တင်သွင်းခဲ့တာကြောင့် ဘိလပ်မြေ တင်သွင်းမှုက ဆက်တိုက်ဆိုသလို အဝင်နည်းနေတာတွေ့ရပါတယ်။MIRT (DOT)

နယ်စပ်မှ ဘိလပ်မြေ တန် ၂၆၀၀ ခန့် ပိုမိုတင်သွင်းခဲ့ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ ဘိလပ်မြေ ၇၂၀၁ တန်ကျော်ကို နယ်စပ်ကုန်သွယ် ရေးစခန်းများမှ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်လျှင် ၂၆၆၅ တန်ခန့် ပိုမိုတင်သွင်းနိုင် ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ လွယ်ဂျယ်မှ ၁၄၅၆ တန်ကျော်၊ တာချီလိတ်မှ ၂၅၁၇ တန်၊ မြိတ်မှ ၁၇၅၀ တန်၊ ကော့သောင်းမှ ၁၀၄၀ တန်နဲ့ မြဝတီမှ ၄၃၇ တန်ကျော် အသီးသီးတင် သွင်းခဲ့တာဖြစ်ပါတယ်။                                        ဆွေဆွေဝင်းပုံမှန်လေးပဲ ဈေးကွက်အတွင်းရှိနေဆဲ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ အရောင်းအဝယ်အေးနေတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ မြင်းခေါင်းနဲ့ ကြံ့(မြိုင်ကလေး) က ဈေးမပြောင်းဘဲ ယခင်တစ်ပတ် ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ် နေပေမဲ့ ဆင် (ထိုင်း) က ကျပ် ၅၀ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက မြင်းခေါင်း ဘိလပ်မြေ ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) တစ်အိတ်ကို ၄၈၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေတစ်အိတ် ၃၇၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ ဝန်ထမ်း တစ်ဦးကဆိုပါတယ်။ ရာသီကလည်း ကောင်းနေတော့ တည်ဆောက်ရေးလုပ်ငန်းတွေလည်း ကောင်းတယ်၊ ဒါကြောင့် အရောင်းအဝယ်က လည်း တဖြည်းဖြည်းကောင်းလာတယ်လို့ ပြောပါတယ်။ အရောင်းအဝယ် ကောင်း ပေမဲ့ ဈေးကငြိမ်နေသေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာလည်း ဈေးကွက်ထဲ အရောင်းအဝယ ်ဖြစ်နေတဲ့ဈေးက အေသုံးလုံး ၅၆၀၀ ကျပ်၊  မြန်မာ ဆင် ၄၉၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊  စိန်(ထိုင်း) က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) က ၅၀၀၀ ကျပ်၊  ကျားခေါင်း ၅၀၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့  ဘိလပ်မြေအရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ အရောင်းအဝယ်က ပုံမှန်ရှိနေပေမဲ့ ဆင်(ထိုင်း)ဘိလပ်မြေက တစ်ရာဝန်းကျင် ဈေးကျသလို မောင်းတိန်း နဲ့ မြင်းခေါင်းဘိလပ်မြေက ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင်(ထိုင်း) တစ်အိတ်ကို ၄၇၂၅ ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို ၄၇၀၀ ကျပ်နဲ့ ကြံ့က ၄၃၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေအ ရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိနေပေမဲ့ ဈေးကတော့ပြောင်းလဲမှုမရှိဘဲ ငြိမ်နေတယ် လို့သိရပါတယ်။ ဒီဈေးနဲ့အရောင်း အဝယ်ဖြစ်နေတာ နိုဝင်ဘာလဆန်းထဲကလို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးကဆင်(ထိုင်း) ၅၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၈၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ် မှာလည်း ဆင်(ထိုင်း) ဘိလပ်မြေက ပစ္စည်းအဝင်မရှိသေးသလို အခြားဘိလပ်မြေ များကလည်းပုံမှန်အရောင်းအဝယ်ရှိနေပေမဲ့ ဈေးကတော့ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ခြင်္သေ့ဘိလပ်မြေ  ၅၀၀၀ ကျပ်၊ စိန် (ထိုင်း) ၆၅၀၀ ကျပ် ၊ မြို့တော်ဘိလပ်မြေ ၄၉၀၀ ကျပ်၊ နဂါး ဘိလပ်မြေ ၅၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)