Main menu

Background

OK နို့ဆီနဲ့ နို့မှုန့်အဝင်ရှိခဲ့

Wed, 12/26/2012 - 09:15 -- ydnar

ဒီသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ရက် မှ ၈ ရက်တာကာလအတွင်း နို့ဆီ ၂၅၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ် သိန်းငါးသောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်ဝင်လာခဲ့တဲ့ နို့ဆီက OK တံဆိပ်နို့ဆီပဲဖြစ်ပါတယ်။ ယခင် သီတင်းပတ်နို့ဆီအဝင်က တစ်ဆယ့်နှစ် တန်ကျော်သာရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ နို့ဆီအဝင်က တန်ချိန် နှစ်ရာ ကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင် မရှိခဲ့တာ တွေ့ရပါတယ်။

 
နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန် နိုင်ငံမှ ၁၀၀ တန်၊ စင်ကာပူနိုင်ငံမှ ၄ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ၈ တန် အဝင်ရှိ ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်မှာ နို့မှုန့်တန်ချိန် နှစ်ရာကျော်ဝင်ခဲ့ တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင် တန်ချိန် တစ်ရာကျော်  လျော့နည်းခဲ့ တယ်လို့သိရပါတယ်။ MIRT (DOT)
နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် ပိုမိုတင်သွင်းလျက်ရှိမြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက် ထိကာလအတွင်းမှာ  ကန်ဒေါ်လာ သုည ဒသမ ၃၀၈ သန်းတန်ဖိုးရှိ နို့စိမ်း ၃၀၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးရှိ နို့ဆီ ၂၇၂ တန်ကျော်တင်သွင်းခဲ့ရာ ယခင်အပတ် ကထက် နို့စိမ်း တန် ၁၀၀ ကျော်နဲ့ နို့ဆီ ၁၄၃ တန်ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၆၃ တန်ဖိုးရှိ နို့မှုန့် ၂၂ တန် အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်က ၂၁ တန်ကျော် တင်သွင်းနိုင် ခဲ့တဲ့အတွက် နို့မှုန့်ပုံမှန်တင်သွင်းလျက် ရှိနေတယ်လို့ဆိုရပါမယ်။ နို့ဆီတစ်တာ ကို ကော့သောင်းမှာ ၂၆၈၀၀ ကျပ်နဲ့ နို့စိမ်းတစ်တာကို ၂၇၈၄၀ ကျပ် ဈေး ပေါက်လျက်ရှိတယ်လို့ သိရပါတယ်။တင်တင်ထွန်း