Main menu

Background

တစ်ရာသီ တစ်သီးစားနဲ့ ကြီးပွားမယ့် မြေပဲတောင်သူ

Wed, 12/26/2012 - 09:21 -- ydnar

ဆီထွက်သီးနှံအုပ်စုထဲမှာ မြေ၊ ရေ၊ ရာသီသဘာဝကို အရွေးချယ် ဆုံးဖြစ်တဲ့ မြေပဲစိုက်ပျိုးခြင်းဟာ ဈေး ကွက်အရ တောင်သူကို ဆွဲဆောင်မှု ရှိသလို သဘာဝအခြေအနေရဲ့ ကန့် သတ် ခွင့်ပြုချက်အရသာ အကျိုး အမြတ် ခံစားရခဲ့တတ်တာမို့ တောင် သူတိုင်း စိုက်ဖို့စိတ်မကူးရဲကြဘူးလို့ ကြားခဲ့ဘူးပေမယ့် ယခုနှစ် ချင်းတွင်း မြစ်ရေအကျမှာ ဖြစ်ပေါ်လာတဲ့ နုန်း မြေလွှာနုတွေကို ပိုင်ပိုင်နိုင်နိုင် အသုံး ပြုခဲ့တဲ့ မြောင်မြို့နယ်က ပရိမ္မ၊ ဆည် ရွာနဲ့ ဘူးကိုင်းစတဲ့ ကျွန်းမြေ တွေမှာ ရာသီအမီ တောင်သူအများစု မြေပဲ ကိုအားပြုစိုက်ပျိုးခဲ့ကြတယ်လို့ ဒေသ ခံ တစ်ဦးကဆိုပါတယ်။

သဘာဝက ပေးလာတဲ့ မြေနု ကျွန်းကို အလွယ်တကူ ငှားရမ်းခြင်း ဖြင့် ငွေမရှာဘဲ တစ်နှစ် တစ်ရာသီ၊ တစ်သီးကောင်းအဖြစ် ယခုလို မြေပဲ ကို တိုးချဲ့စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါ တယ်။ တစ်ရာသီ တစ်သီးသာ စိုက် ကြတာကြောင့် စိုက်ပျိုးသီးနှံအတွက် သဘာ၀ မြေသြဇာ ပြည့်စုံခဲ့ပြီး၊ အကျိုးဆက်အားဖြင့် တစ်ဧက မြေပဲ ၃ တင်းမျိုးကြဲရင် မြေပဲတောင့် အထွက် တင်း ၈၀ မှ ၁၀၀ ကျော်ထိ ရတယ်လို့ ဒေသခံ မြေပဲတောင်သူ တွေက ပြောပါတယ်။ ထွန်ယက်ခ မျိုးနဲ့အခြားစရိတ်၊ တစ်ဧက ၃ သိန်းမှ ၃ ဒသမ ၅ သိန်းထိ ကုန် ကျပြီး၊ အပင်နဲ့ ဥအတွက် အားဆေး၊ ပိုးသတ်ဆေးမျိုးစုံ လိုအပ်ချက်နဲ့အညီ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။ မြေပဲဆန်အထွက်အနေနဲ့ မြေပဲတောင့် ၄ ဒသမ ၅၇ တင်းမှာ အဆန် ၁ တင်းရလို့ တစ်ဧက မြေပဲ အတောင့်တင်း ၁၀၀ ထွက်ရင် မြေပဲ ဆန် ၂၂ တင်းခန့်ရပါတယ်။ မနှစ်က ဆောင်းမြေပဲပေါ်ချိန် (မတ်၊ ဧပြီ) လတွေမှာ မုံရွာကုန်စည်ဒိုင်မြေပဲလုံး ဆန် ပေါက်ဈေးက တစ်တင်းအနိမ့် ဆုံး ၂၉၀၀၀ ကျပ်ခန့်က အမြင့်ဆုံး ၃၂၅၀၀ ကျပ်ထိရလို့ တစ်ဧကပျမ်းမျှ ဝင်ငွေဟာ ကျပ် ၆ ဒသမ ၇၆ သိန်း ရပြီး၊ တစ်ဧကအသားတင် အမြတ် ဟာ ကျပ် ၃ သိန်းဝန်းကျင် ရခဲ့ကြ တာ တွေ့ရပါတယ်။ မြေပဲ(လုံးဆန်)အနေနဲ့ မုံရွာ ကုန်စည်ဒိုင်ဈေးကွက်မှာ ဒေသခံ ဆားလှော်သမားများ၊ အကြော်ဖို များ၊ဝယ်လိုအားကောင်းနေတဲ့အပြင် တရုတ်ဈေးကွက်အတွက် မန္တလေး ဝယ်လက် ပုံမှန်ရှိလို့ အမြင့်ဈေးမှာ ကြာရှည် ရပ်တည်နိုင်ခဲ့တာ တွေ့ရ ပါတယ်။ ဒါကြောင့် ချို့ယွင်းလာတဲ့ သဘာ၀ ရာသီဥတုရဲ့ ဆိုးကျိုးများ ကြောင့် နစ်နာမှုမရှိရအောင် ဈေး ကောင်းရမယ့် မြေပဲသီးနှံကို တစ်နှစ်၊ တစ်ရာသီ၊ တစ်သီးနှုန်းနဲ့ ဂရုတစိုက် စိုက်ပျိုးခြင်းရဲ့ ရလဒ်ကို မြောင်နယ် ရေဝင်နုန်းတင်မြေနုဒေသက တောင် သူတွေ ခံစားရမှာကို ကြိုတင်ပီတိ ပွားမိရပါကြောင်း။ ထွန်းလှိုင် - မုံရွာ