Main menu

Background

မူဆယ်နယ်စပ်မှ နှမ်းဖြူအခွံချွတ် ပိုမိုတင်ပို့

Wed, 12/26/2012 - 09:23 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၂၈ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၃၂၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ထက် အခွံချွတ် ၁၈၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းရောင်စုံတင်ပို့မှုကိုကြည့်မယ်ဆိုလျှင် နှမ်းဖြူ ၂၂၀၃ တန်ခန့်နဲ့ နှမ်းနက် ၁၇၆၃ တန်ကျော်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းဖိုးရှိ နှမ်းညို ၇၅ တန်ကျော်ကို တင်ပို့ခဲ့တာတွေ့ရပါတယ်။           MIRT (DOBT)