Main menu

Background

ဟင်းသီးဟင်းရွက်ဆီ ရောင်းချမှုများခြင်းကြောင့် မလေးရှား စားအုန်းဆီဈေးဆက်တိုက်ကျဆင်း

Wed, 12/26/2012 - 09:25 -- ydnar

မလေးရှားစားအုန်းဆီ သိုလှောင်လက်ကျန် စံချိန်တက်မြင့်တင်ခြင်းနဲ့ အမေရိ ကန် ဘဏ္ဍာရေး အခြေအနေအပေါ် စိုးရိမ်မှုများကြောင့် မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေး ဆက်တိုက်ကျဆင်းလာကြောင်း သိရပါတယ်။ အမေရိကန်အစိုးရရဲ့ ငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန်စေတဲ့ ကြေညာချက်များ ထုတ်ပြန်ခ ဲ့ပေမယ့် အမေရိကန်လွှတ်တော်အဖွဲ့နဲ့ အိမ်ဖြူတော်အကြား ၂၀၁၃ ငွေကြေးအသုံးစရိတ် ဆွေးနွေးမှုများနဲ့ ပတ်သက်လို့ သိသာကွာခြားမှုများကြောင့် ကုန်သည်များ ရောင်း ဝယ်မှုအပေါ် ဆက်ပြီး သတိထားနေ ကြပါတယ်။

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု နံပါတ် ၂ ဖြစ်တဲ့ မလေးရှားနိုင်ငံမှာ စားအုန်းဆီ သိုလှောင်လက်ကျန်စံချိန်တင် မြင့်တက်မှုကလည်း စားအုန်းဆီကြိုပွိုင့်ဈေး ဆက်ပြီး ကျဖို့ဖြစ်စေပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ အခြေခံစံနှုန်း စာချုပ်ဈေးက တစ်တန်ကို သုည ဒသမ ၄ ရာခိုင်နှုန်းလျော့ကျပြီး ရင်းဂစ် ၂၂၃၂ (ကန်ဒေါ်လာ ၇၃၀) ရှိရာ နိုဝင်ဘာလ ၁၂ ရက်နောက်ပိုင်း အနိမ့်ဆုံးကိုကျဆင်းခဲ့ တယ်လို့သိရပါတယ်။ ယခုနှစ်ကုန်မှာ သက်တမ်းပြည့်တော့မယ့် အခွန်လွတ်ပို့ကုန် ကိုတာကို အပြည့်အဝတင်ပို့နိုင်မယ့် မလေးရှားတင်ပို့သူများ ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံရဲ့ ဝယ်လိုအားခိုင်မာနေခြင်းတို့ကြောင့်ဒီဇင်ဘာလပထမလဝက်အတွက် ပြည်ပတင်ပို့မှု မြင့်တက်ဖွယ်ရ ှိတယ်လို့သိရပါတယ်။ ရာသီဥတုအေးလာတာကြောင့် စားအုန်းဆီခဲဝယ်လိုအားနည်းသွားတဲ့အတွက် နိုဝင်ဘာလမှာ တင်သွင်းမှု ပမာဏလျော့ကျခဲ့တဲ့ အိန္ဒိယရဲ့စားအုန်းဆီတင်သွင်းမှု ကိုလည်းကုန်သည်များ စောင့်ကြည့် လျက်ရှိနေ ပါတယ်။ ဇန်နဝါရီလအတွက် မလေး ရှားနိုင်ငံရဲ့ စားအုန်းဆီကြမ်း ပို့ကုန်အခွန်သစ်ကို သုတေသီ များခန့်မှန်း ရာမှာ စားအုန်း ဆီကြမ်းတင်ပို့မှု မြှင့်တင်နိုင်ဖို့နဲ့ စံချိန်တင်မြင့်တက်တဲ့ သိုလှောင်မှု ကို လျော့ပါးစေ ဖို့ဆိုရင် အခွန်နှုန်းထား သုည ထားဖွယ်ရှိတယ်လို့ဆိုပါတယ်။ စားအုန်းဆီရောင်းချမှုများနေတဲ့တိုင် ပဲပုပ်ဆီဈေးနဲ့ ဈေးနှုန်းကွာဟမှု ကြီး မားခြင်းဟာ စားအုန်းဆီအတွက် ပြည်ပဝယ်လိုအားတက်ဖို့ ဖြစ်စေနိုင်တယ်လို့ Oil world မှ ခန့်မှန်းထားပါတယ်။ နောက် ၃ လမှာတော့ ပြည်ပဝယ်လို အားမြင့်တက်ခြင်း၊ ရာသီချိန် ထုတ်လုပ်မှုလျော့ကျခြင်းနဲ့ စားအုန်း ဆီလက်ကျန် လျော့နည်းခြင်းတွေကြောင့် စားအုန်းဆီ ဈေးမြင့်တက်နိုင်တယ်လို့လည်း ခန့်မှန်း ကြပါတယ်။ အခြားအသီးအရွက်ဈေးကွက်များမှာ ဇန်နဝါရီလပို့ရမယ့် အမေရိကန် ပဲပုပ်ဆီဈေးက လျော့ကျပြီး ဒေလီယံကုန်စည်ဒိုင် ၂၀၁၃ မေလပဲပုပ်ဆီ စာချုပ် ဈေးကလည်း သုည ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းတယ်လို့ ရိုက်တာသတင်းအရသိ ရပါတယ်။                                                        ယုဇန