Main menu

Background

မန္တလေး ကုန်စည်ဒိုင်ဈေးကွက် အရောင်းအဝယ်သွက်

Sun, 12/30/2012 - 05:16 -- ydnar

ပွင့်လင်းရာသီ ပဲမျိုးစုံပေါ်ထွက်ချိန်ရောက်ပြီဆိုတာနဲ့ မန္တလေးကုန်စည်ဒိုင်မှာ ကုန်သည်၊ ပွဲစားတို့ ပျားပန်းခတ်မျှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကာလာစုံတို့နဲ့ အရောင်းအဝယ်သွက်နေတာကို တွေ့ရပါတယ်။ မန္တလေးက ကုန်စီးထွက်မှုအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာက မန္တလေးမှ ရန်ကုန်ကို ကုလားပဲ ၉၂၉ ဒသမ ၃၂ တန်၊ ပဲစင်းငုံ ၇၇၆ ဒသမ ၂၆ တန်၊ ပဲတီစိမ်း ၁၁၅၃ ဒသမ ၃၀ တန်၊ မတ်ပဲ ၆၂၉ ဒသမ ၆၇ တန်၊ ပြောင်းဖူးစေ့ ၁၀၉၉ ဒသမ ၂၃ တန်၊ မန္တလေးမှ မူဆယ်ကို ပဲတီစိမ်း ၄၁၇ ဒသမ ၅ တန်၊ ထောပတ်ပဲ ၁၃၈ တန်၊ ပြောင်းဖူးစေ့ ၁၁၆၀ တန်၊ နှမ်းရောင်စုံ ၅၅၂၄ ဒသမ ၇၆ တန်၊ မြေပဲဆန် ၂၁၃ ဒသမ ၉၅ တန် တင်ပို့ရောင်းချခဲ့ပါတယ်။ သယ်ယူပို့ဆောင်ခအနေနဲ့ မန္တလေးမှ ရန်ကုန် တစ်ပိဿာ ၂၈ ကျပ်မှ ၄၀ ကျပ်၊ မန္တလေးမှ မူဆယ်ကို တစ်ပိဿာ ၇၅ ကျပ်မှ ၈၀ ကျပ်ထိ ရှိပါတယ်။

ဒီဇင်ဘာဒုတိယပတ်ထိ ပဲမျိုးစုံတင်ပို့မှုမှာ မန္တလေးမှ ရန်ကုန်ကို ကုလားပဲ ၄၄၁ ဒသမ ၇၅ တန်၊ ပဲစင်းငုံ ၄၆၂ ဒသမ ၀၈ တန်၊ ပဲတီစိမ်း ၃၀၉ ဒသမ ၅၆ တန်၊ မတ်ပဲ ၁၇၇ ဒသမ ၈၇ တန် တင်ပို့ပြီး မန္တလေးမှ မူဆယ်ကို ပဲတီစိမ်း ၂၅၈ တန်၊ နှမ်း ကာလာစုံ ၂၆၂ တန်၊ အထွက်ရှိတာကို တွေ့ရပါတယ်။ သယ်ယူခအနေနဲ့ မန္တလေးမှ ရန်ကုန်ကို တစ်ပိဿာ ၃၀ ကျပ်မှ ၄၅ ကျပ်ထိ၊ မန္တလေးမှ မူဆယ်ကို ၇၈ ကျပ်မှ ၈၃ ကျပ်ထိ ယခင်လထက် သယ်ယူခ အနည်းငယ်တက်သွားပါတယ်။ ဈေးနှုန်းတက်ရခြင်းမှာ တင်ပို့ကုန်ပစ္စည်းပေါတဲ့ကာလဖြစ်လို့ တက်ရခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ယနေ့ဒီဇင်ဘာ ဒုတိယပတ်နဲ့  ယခင်လ နိုဝင်ဘာလကုန်တို့ရဲ့ အများဆုံး အရောင်းအဝယ်ဖြစ်တဲ့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့ရဲ့ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ၁၅.၁၂.၁၂                           ၃၀.၁၁.၁၂ အမျိုးအမည်    တစ်ပိဿာဈေး    တစ်တင်းဈေး    တစ်ပိဿာဈေး    တစ်တင်းဈေး ပဲစင်းငုံ              ၇၈၅ ကျပ်         ၁၇၃၀၀ ကျပ်        ၇၇၅ ကျပ်        ၁၅၅၀၀ ကျပ် ပဲတီစိမ်း            ၁၁၀၂ ကျပ်      ၂၀၆၀၀ ကျပ်         ၈၈၉ ကျပ်        ၁၆၆၀၀ ကျပ် ကုလားပဲ            ၉၂၄ ကျပ်        ၁၇၃၀၀ ကျပ်        ၉၉၆ ကျပ်        ၁၈၆၆၀ ကျပ် မတ်ပဲ                 ၆၁၇ ကျပ်        ၁၂၃၀၀ ကျပ်       ၆၀၀ ကျပ်        ၁၂၀၀၀ ကျပ် ပြောင်းဖူးစေ့        ၃၅၂ ကျပ်         ၆၃၀၀ ကျပ်       ၃၇၀ ကျပ်          ၆၆၀၀ ကျပ် နှမ်းနက်             ၂၆၂၂ ကျပ်       ၃၉၃၃၀ ကျပ်     ၂၄၀၀ ကျပ်       ၃၆၀၀၀ ကျပ် နှမ်းဖြူ               ၂၀၀၀ ကျပ်       ၃၀၀၀၀ ကျပ်      ၂၀၆၇ ကျပ်       ၃၁၀၀၀ ကျပ်မူဆယ်ဝယ်လက်များက နှမ်းရောင်စုံ၊ ပြောင်းဖူးစေ့၊ ထောပတ်ပဲ၊ ပဲတီစိမ်းတို့ကို အများဆုံး ဝယ်ယူကြပြီး ရန်ကုန်ဝယ်လက် ကတော့ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲတို့ကို အားပြုဝယ်ယူ ကြကြောင်း သိရပါတယ်။        ကျော်ဦး-မန္တလေး