မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အဝယ် အေးနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာ ပြီး တစ်ပိဿာကို ၇၅၅ ကျပ်(တစ်တန်ကို ၄၆၂၃၅၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပဲတီစိမ်းကြီးကတော့ ရန်ကုန်-မန္တလေးဝယ်လက်က အ ရည်အသွေးအပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာပြီး တစ်ပိဿာကို ၁၀၁၀ ကျပ် (တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ထက်စာရင် အနည်းငယ် လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုကတော့ နှမ်းနီတစ်ပိဿာ ၁၉၄၆ ကျပ်၊ နှမ်းဖြူ တစ်ပိဿာ ၂၁၀၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၁၅၀ ကျပ်ဈေး၊ နှမ်းညို တစ်ပိဿာ ၁၈၂၃ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၇၀၀ ခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။
Background