ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီလက်ကျန်ပစ္စည်း တွေကို ရန်ကုန်အဆွဲအနည်းငယ်ရှိသလို ပဲစင်းငုံနီ(သစ်)ကိုလည်း ရန်ကုန်ဝယ်လက်က အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ (သစ်)က ဈေးကွက်သို့စတင်ဝင်လာပေမယ့် အဝင်နည်းနေပြီး အဖွင့်ဈေးက တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀ မှ ၃၀ ကြားအရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(ဟောင်း)ကိုလည်း ရန်ကုန်ဝယ် လက်က တစ်ပိဿာကို ၇၈၅ ကျပ်(တစ်တန်ကို ၄၈၀၇၂၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၅၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။
Background