* မတ်ပဲကို ပြည်ပအဝယ်အနည်းငယ်ပြန်လိုက်လာတာကြောင့် ဟင်္သာတ၊ ပြည်၊ မန္တလေးနဲ့ ဘုရင့်နောင်မှာ အရောင်းအဝယ် ပြန်ဖြစ်လာ * ပဲစင်းငုံနီကို အိန္ဒိယအဆွဲပါးနေတာကြောင့် ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ် အေးနေ * ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲနည်းပြီး ဒေသတွင်းခွဲစက်တွေသာ ဝယ်အား အထိုက်အလျောက်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ အရောင်းအဝယ်အနည်းငယ်ဖြစ် * ပဲတီစိမ်းကြီးကို အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် မန္တလေး၊ အောင်လံ၊ ပြည်နဲ့ မကွေးမှာ အရောင်းအဝယ်ပုံမှန်ဖြစ် * နှမ်းမျိုးစုံကို တရုတ်နဲ့ ဒေသတွင်းဆီစက်များ ဝယ်အားပုံမှန်ရှိပေမယ့် မန္တလေးနဲ့ မကွေးမှာ ဈေးတန့်နေ * ပြောင်းကို တရုတ်က ဝယ်အားပုံမှန်ရှိနေတာကြောင့် တောင်ကြီး၊ လားရှိုးနဲ့ မူဆယ်မှာ အရောင်းအဝယ်ပုံမှန်ဖြစ်
Background