အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(အဟောင်း)ကို ရန်ကုန်အဆွဲအေးနေပြီး ပဲစင်းငုံနီ(အသစ်)ကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ဈေး ဖွင့်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ပဲတီစိမ်းကြီးကိုလည်း ရန်ကုန်-မန္တလေးဝယ်လက် ဝယ်အားများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၉၀ ကျပ် (တစ်တန်ကို ၆၆၇၅၀၅ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၇၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background