မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက် နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံ မှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၆၃၃ ကျပ်(တစ် တန်ကို ၃၈၇၆၄၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(သစ်) က ဈေးကွက် သို့အဝင်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၈၁၅ ကျပ်(တစ်တန်ကို ၄၉၉၀၉၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဲစင်းငုံနီ(ဟောင်း)ကို လည်း ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၇၅၈ ကျပ်(တစ်တန်ကို ၄၆၄၁၉၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အဝယ်ရှိခဲ့ ကြောင်း ပွဲရုံရပ်ကွက်ကသိရပါတယ်။ ပဲတီစိမ်းကြီးကိုတော့ တရုတ် ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိ ပေမယ့် ဈေးကတော့ ငြိမ်နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၈ ကျပ် (တစ်တန်ကို ၅၉၈၉၁၇ ကျပ်)ဈေးနဲ့ တစ် ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန် ဝယ်လက်အဝယ်နည်းပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိခဲ့တယ် လို့ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ် ပိဿာ ၈၃၀ ကျပ်(တစ်တန် ကို ၅၀၈၂၈၃ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၉၂၄ ကျပ် (တစ်တန်ကို ၅၆၅၈၄၈ ကျပ်)ဈေးနဲ့ နှစ်မျိုး ပေါင်းတစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲလွန်းဖြူကိုတော့ တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိခဲ့သလို ရောင်းသူ ကုန်သည်များကလည်း လက်ရှိပေါက်ဈေးနဲ့ အရောင်းပုံမှန် ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၁၇ ကျပ် (တစ်တန် ကို ၆၂၂၈၀၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ် လုပ်ငန်းရှင်များ ဝယ်အားများခဲ့ပေမယ့် ဈေးက တော့ တန့်နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူ တစ်ပိဿာ ၂၁၁၁ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၈၀၀ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၅၁၁ ကျပ်နဲ့ နှမ်းနက်စမုံတစ်ပိဿာ ၂၆၆၇ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက် ကိုအိတ် ၄၂၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။