မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန် သွယ်ရေးမှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလ အတွင်း မှာ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၀၂၀ သန်း တန်ဖိုးရှိ နေလှန်းဆား ၅၈၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေလှန်းဆားတင်ပို့မှုနှစ်အတော် ကြာ ရပ်ဆိုင်းခဲ့ရာမှ ယခုအခါနိုင်ငံ အောက်ခြေအဆင့် ညှိနှိုင်း အစည်း အဝေးများမှ ရရှိခဲ့တဲ့ အကျိုးကျေးဇူးများကြောင့် တစ်ဖက်နိုင်ငံမှ ဆားပြန်လည်ဝယ်ယူရန် ကမ်းလှမ်းခြင်း ဖြစ် တယ်လို့သတင်း ရရှိပါတယ်။ MIRT (DOBT)