Main menu

Background

ကန်ဒေါ်လာ ၇ သန်းကျော် တင်ပို့နိုင်တဲ့ ကော့သောင်းနယ်စပ်စခန်း

Mon, 12/31/2012 - 04:59 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ် ရေးစခန်းသည် ၂၀၁၂ နိုဝင်ဘာလတွင် ပို့ကုန် ကန်ဒေါ်လာ ၃ ဒသမ ၉၆၉ သန်း၊သွင်းကုန်ကန်ဒေါ်လာ ၃ ဒသမ ၆၁၈ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  ၇ ဒသမ ၅၈၇ သန်း ဆောင်ရွက်နိုင်သောကြောင့် လျာထားချက်ထက်ကျော် လွန်ခဲ့ပါတယ်။

အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၂ ခုနှစ် အောက်တို ဘာလနဲ့ နှိုင်းယှဉ်ပါကပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၃၃၄ သန်း၊ သွင်းကုန်ကန်ဒေါ်လာသုည ဒသမ ၇၄၈ သန်းပိုမိုသဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၀၈၂ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ် ကာလတူဖြစ်သော ၂၀၁၁ နိုဝင်ဘာလနှင့်နှိုင်း ယှဉ်ပါက ပို့ကုန်ကန်ဒေါ်လာသုည ဒသမ ၁၀၃ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၈ဒသမ ၁၅၈ သန်း လျော့နည်းသဖြင့် ကုန်သွယ်မှုပမာဏ ၈ ဒသမ ၂၆၁ သန်း လျော့နည်းခဲ့ပါ တယ်။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ၂၀၁၂ နိုဝင်ဘာလတွင် ငါးမျိုးစုံ၊ ကင်းမွန်၊ ငါးဆားနယ်၊ ငါးစီပေါင်း၊ ကျောက်ပုစွန်၊ ကဏန်း၊ ပုစွန်၊ မုတ်ခွံ၊ သီဟိုဠ်စေ့၊ ခဲမဖြူ၊ ပလတ်စတစ်ဖြတ်စ၊ စက္ကူဖြတ်စတို့ အများဆုံးတင်ပို့နိုင်ပြီး အားဖြည့် အချိုရည်၊ ဘိလပ်မြေ၊ နို့စိမ်း၊ နို့ဆီ၊ ဒီဇယ်ဆီ (မြန်နှုန်းမြင့်)၊ ဒီဇယ်ဆီ၊ GI ပိုက်၊ မော်တော်ဆိုင်ကယ်တာယာ၊ ဆာလ်ဖာ၊ သံပီပါခွံလွတ်တို့ အများဆုံး တင်သွင်းနိုင်ခဲ့ပါ တယ်။                         MIRT (DOBT)