Main menu

Background

ထိုင်းအစိုးရအဖွဲ့က ထိုင်းလယ်သမားများထံမှ ဆန်ဝယ်ယူမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

Mon, 12/31/2012 - 05:08 -- ydnar

ထိုင်းအမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Thailand's National Anti-Corruption   Commission (NACC) မှ ထိုင်းနိုင်ငံသည် ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ရေးအတွက် စီမံချက်ချ လုပ်ဆောင်ရာတွင် အောင်မြင်မှုရသည့်မူဝါဒအဖြစ် သတ်မှတ် ထားသလို ထိုင်းအစိုးရအဖွဲ့က ထိုင်း လယ်သမားများထံမှ ဆန်ဝယ်ယူမှု နှင့်ပတ်သက်ပြီး မည်သည့် အမှားအယွင်းမျှ မရှိဟု ပြောဆိုထားသော်လည်း ဆန်အရောင်းအဝယ်ကိစ္စသည် လက်ရှိ အာဏာရ Pheu Thai Party ဖုဝါ ထိုင်းပါတီနှင့် ဆက်နွှယ်မှုရှိ/မရှိ စုံစမ်းစစ်ဆေးသွား မည်ဖြစ်ပါတယ်။ ယင်းသို့ စုံစမ်းစစ်ဆေးမှုလုပ်ရခြင်းဟာ အာဏာရဖုဝါ ထိုင်းပါတီမှ တာဝန်ရှိသူများက လယ်သမားများထံမှ ဆန်ဝယ်ယူရာမှာ လိုသည်ထက်ပိုမို ဝင် ရောက်စွက်ဖက်ခြင်းကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားမှု ဥပဒေ အရ လျင်မြန်စွာ စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ရာမှာ ဆန် တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ရေးအတွက် စီမံချက်ရေး ဆွဲရာတွင်ပါဝင်ခဲ့သောPheu Thai Party  ဖုဝါထိုင်းပါတီမှ လွှတ်တော် အမတ်များစုံစမ်း စစ်ဆေးမှု ခံရနိုင်ဖွယ် ရှိပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာ့အဂတိလိုက်စားမှုစာရင်း ၈၈ နေရာတွင်ရှိပြီး ထိုင်းနိုင်ငံသူ/သားများ ပူးပေါင်းပါဝင်မှသာလျှင် ပိုကောင်းသော အဆင့်သို့ရောက် ရှိမည်ဖြစ်ကြောင်း၊ NACC  အနေဖြင့် နိုင်ငံရေးကိစ္စ များနဲ့သက်ဆိုင်သော အဝန်း အဝိုင်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများအား အထူးဦးစားပေး စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း NACC  အကြီးအကဲ Panthep Klanaronongran မှ ပြောဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: MCOT Online News,မြင့်ရှိန် (မဝတ)