Main menu

Background

မြန်မာ-တရုတ်နယ်စပ်မှ အမယ်စုံတဲ့ ရေထွက်ကုန်

Mon, 12/31/2012 - 05:14 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  ဒီဇင် ဘာလ ၅ ရက်မှ ဒီဇင်ဘာလ ၁၁ ရက်ထိကာလအတွင်း တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၉၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၇၃၁ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၉၁၇ တန်ကျော်တင်ပို့ နိုင်ခဲ့တဲ့အတွက် တန် ၁၈၀ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ မူဆယ် နယ်စပ်မှ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၁၆၉ သန်းဖိုးရှိ ကဏန်း ၄၃ တန်ကျော်၊ ငါးရှဉ့် ၂၆ တန်ခန့်၊ ရေခဲငါး ၁၅၃ တန်ကျော်၊ ငါးစည်ဖောင်း သုည ဒသမ ၇၉၄ တန်၊ ကင်းမွန် ခြောက် ၁၆၃ တန်ခန့်၊ ငါးဆားနယ် ၉၆ တန်နီးပါး၊ ငါးလေးခြောက် ၇၃ တန်၊ ငါးခြောက် ၅ တန်ခန့်၊ ပုစွန်ခြောက် ၄ တန်ကျော်နဲ့ အေးခဲပုစွန် ၃ တန်နီးပါး တင်ပို့ နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၂၈ သန်းတန်ဖိုးရှိ ငါးရှဉ့်အရှင် ၁၁၆ တန် ကျော်နဲ့ ကဏန်း ၄၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် ကဏန်း လေလံဈေးများကိုကြည့်လျှင် ယခင်အပတ်ထက် သိသိသာ သာ ဈေးပိုရတာကို တွေ့ရပါတယ်။ ယခုအပတ်နဲ့ ယခင် အပတ် လေလံဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါ တယ်-

မိမိဘက်(ကျပ်/တန်)                                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်      ပြောင်းလဲမှု        %          ယခု      ယခင်    ပြောင်းလဲမှု    %ကဏန်း၂၅၀ ဂရမ်အထက်    ၃၄၀၃၄၇၀    ၂၄၇၀၈၀၀    ၉၃၂၆၇၀     ၂၇ .၄၀    ၃၉၉၀    ၂၉၀၀    ၁၀၉၀       ၂၇ .၃၂၂၀၀-၂၅၀ ဂရမ်      ၃၂၃၂၈၇၀    ၂၃၀၀၄၀၀    ၉၃၂၄၇၀      ၂၈ .၈၄     ၃၇၉    ၂၇၀၀    ၁၀၉၀       ၂၈ .၇၆    ၁၅၀-၂၀၀ ဂရမ်      ၃၀၆၂၂၇၀    ၂၁၃၀၀၀၀    ၉၃၂၂၇၀       ၃၀ .၄၄    ၃၅၉၀   ၂၅၀၀    ၁၀၉၀      ၃၀ .၃၆၁၀၀-၁၅၀ ဂရမ်     ၂၉၃၄၃၂၀    ၂၀၀၂၂၀၀    ၉၃၂၁၂၀        ၃၁ .၇၇    ၃၄၄၀   ၂၃၅၀    ၁၀၉၀     ၃၁ .၆၉ယဉ်ယဉ်အေး၊MIRT (DOBT)