Main menu

Background

ရှမ်းပြည်နယ်အရှေ့မှ လိမ္မော်သီးများထိုင်းနိုင်ငံသို့ တင်ပို့တော့မည်

Mon, 12/31/2012 - 05:22 -- ydnar

ရှမ်းလိမ္မော် ဒီဇင်ဘာလမှစတင်ပို့နိုင်ဖို့ တာချီလိတ်မြို့ရှိ ဖြောင့်ဖြူး ပျော်ရွှင် ကုမ္ပဏီက ကန်ဒေါ်လာ ၄၃၈၇၁ ဒသမ ၀၄၃ တန်ဖိုးရှိလိမ္မော်သီး ၁၈၉ တန်ခန့် ကို တာချီလိတ်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်သို့ စတင် တင်ပို့တော့မယ်လို့ သိရပါတယ်။

ယခင်နှစ် ၂၀၁၁-၂၀၁၂ ခုနှစ်က Fresh Orange ရှမ်းလိမ္မော်ကို ၂၉၄၁ ဒသမ ၈၄ တန်၊ ပို့ကုန် တန်ဖိုး ၆၈၂၁၈၆ ဒသမ ၅၁၄ ဒေါ်လာတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဖြောင့်ဖြူးပျော်ရွှင် ကုမ္ပဏီလီမိတက်က တန် ၁၁၁၆ ဒသမ ၅၀၀ နဲ့ သော်တာဝင်း ကုမ္ပဏီလီမိတက်က ၁၈၂၅ ဒသမ ၃၄၀ တန် အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်နှစ်များက တာချီလိတ်ဒေသထွက်လိမ္မော်ကို အောက်တိုဘာလ လောက်ကစပြီး ထွက်ရှိတင်ပို့ခဲ့ ပေမယ့် လိမ္မော်ပင်အကိုင်းများ ပြန်လည်ဖြတ် တောက်ပြုပြင်နေရမှုကြောင့် ယခုနှစ်မှာနောက်ကျပြီး ဒီဇင်ဘာလ ရောက်မှသာ တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။                          အေးအေး (တာချီလိတ်)