Main menu

Background

တရုတ်နယ်စပ်မှ Brand New ဆိုင်ကယ်များ ပိုမိုတင်သွင်းလျက်ရှိ

Mon, 12/31/2012 - 05:25 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၀၆၆ သန်းတန်ဖိုးရှိ  Brand New  ဆိုင်ကယ်အစီး ၈၇၀၀ ကျော် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် တင်သွင်းမှုထက် ကန်ဒေါ်လာ သုည ဒသမ ၅၈၀ သန်းကျော်ပိုမို တင်သွင်း လာ နိုင်တာ တွေ့ရပါတယ်။Brand New  ဆိုင်ကယ်အပြင်သုံးဘီးဆိုင်ကယ် ၁၂၆ စီး ကန်ဒေါ်လာသုည ဒသမ ၁၆၁သန်းဖိုးနဲ့ စက်ဘီး ၃၅၁၈ စီး ကန်ဒေါ်လာ သုည ဒသမ ၀၉၅ သန်းဖိုးကိုလည်းတင်သွင်းနိုင်ခဲ့တယ်လို့ မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ သိရပါတယ်။                                                 MIRT (DOBT)