ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်နေ့ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁၇၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၂၈ တန်ကျော်ကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါ ၄၂၈ တန်ကျော်အနက် မလေးရှားနိုင်ငံသို့ RSS-5 တန် ၂၀၊ စင်္ကာပူနိုင်ငံသို့ MSR-20 ၃၈၈ တန်ကျော်နဲ့ တရုတ်နိုင်ငံသို့ RSS-3 တန် ၂၀ ဖြစ်ပါတယ်။ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ဟာ ယခုအပတ်မှသာ ရော်ဘာ တင်ပို့ခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။
နိုင်ငံတကာရော်ဘာပေါက်ဈေးမှာ ယခင်အပတ်ကပေါက်ဈေး တစ်တန်လျှင် ဒေါ်လာ ၃၀၃၀ ဖြစ်ရာ ယခုအပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကွာဟမှုသိပ်မရှိကြောင်း သိရပါတယ်။ ရော်ဘာ FOB ပေါက်ဈေးများမှာ လည်းRSS-1 တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊RSS-3 နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-5 နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀ ဖြစ်ပြီး Crepe Rubber တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်ထားပါတယ်။ MIRT (DOBT)